Part 39

6.1K 293 7
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၃၉)

#တွယ်နှောင်ရစ်ငင်

11180924

"ဝိုး....လှလိုက်တာ...မေ့ ကြည့်စမ်း.."

"ရှေ့နားရပ်လိုက်တော့...အကွေ့တွေ ရောက်တော့မယ်..."

"လှလိုက်တာကွာ..."

"......."

သား က ကားရပ်ပြီးတာနဲ့ ပြေးဆင်းသွားပြီး ဓာတ်ပုံရိုက်နေတော့ အလုံး လက်ပိုက်ထားရင်း ပတ်၀န်းကျင်ကို ငေးကြည့်မိသည်။

ပူပြင်းခြောက်သွေ့နေတဲ့ ရာသီဥတုမှာတောင် တောင်တွေက စိမ်းစို လှပနေသည်။

ကားရပ်ထားတဲ့ တောင်ဘက်မှာ ရပ်ကြည့်နေပေမဲ့သားကတော့ တစ်ဖက်လမ်းကို ကူးသွားပြီး ဓာတ်ပုံရိုက်ပြန်သည်။

ကိုချမ်းက ဖုန်းပြောနေပြီးတော့မှ ကားပေါ်က ဆင်းလာတော့သည်။

"အေးနေပြီလား.."

"မအေးပါဘူး..နေမပြင်းသလိုပဲနော်...ဘယ်ကို ရောက်နေတာလဲ ကိုချမ်း.."

"အဟွင်း...ကိုယ်တို့ ကလော သွားမှာလေ..."

"ကေလာ.."

"အွင်း...သိလား.."

"အင်း...ကြားဖူးပါတယ်..."

အလုံး ကြားဖူးရုံသာ ရှိပေမဲ့လည်း ဘယ်နေရာ ဘယ်ဒေသ မှာ ရှိလည်းတော့ သေချာ မသိပါ..။

ဖုန်ထနေတဲ့ မြေနီနီလေးတွေကို ဖြတ်ကျော်ခဲ့တုန်းက အပူဒဏ်ကို ခံစားခဲ့ရပေမဲ့ ခုကျတော့တောင်အရိပ်တွေကြောင့်လား မသိ..။

နေတက်ချိန်ပေမဲ့ သိပ်မပူတော့ပဲ အေးချမ်းနေသည်။

တောင်နံရံမှာ ပွင့်နေတဲ့ ပန်းအဝါရောင်လေးကို  ခေါင်းငုံ့ပြီး မွှေးကြည့်မိသည်။

"အဟွင်း...အနံ့သင်းသင်းလေး...ဘယ်လိုလေးမှန်း မသိဘူး.."

"ပန်မလား.."

"ဟင့်အင်း...အပင်ပေါ်မှာ ပိုလှပါတယ်.."

"ကလေးလိုပဲ..."

ကိုချမ်းက အလုံးလက်ကို ဆုပ်ကိုင်ပြီး  သားရှိတဲ့  ဘက်ကို လှည့်ကြည့်တော့ ပြုံးပြီး ပြန်ဆုပ်ကိုင်ထားလိုက်သည်။

တွယ်နှောင်ရစ်ငင်حيث تعيش القصص. اكتشف الآن