Part 5

6K 305 33
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၅)

#တွယ်နှောင်ရစ်င်

10281228

"အမေ့သား...မောင်ရွှေအိုး ပြန်လာပါပြီ..."

"ဘာဖြစ်လို့လဲ မကြီး..."

"နင် ကျောင်းပြန် နောက်ကျလို့ ငါတို့ကို သွားခေါ်ခိုင်းနေတယ်..."

"သား စာအုပ်ငှားနေလို့ပါ အမေ့ရဲ့.."

"ချမ်းချမ်း...ဘယ်လိုလဲ...ကျောင်းမှာ အဆင်ပြေရဲ့လား..."

"အွင်း...နောက်ဆုံးခန်း ရောက်တာတော့ အဆင်မပြေဘူး.."

"ဆရာမကြီး ကို ထပ်ပြောပေးရမလား.."

"ဒီအခန်းမှာ သားကြိုးစားရင် ပိုပြီး သိတာပေါ့...ဟီး..."

"အကျင့်ကိုက..."

"သူငယ်ချင်းကော ရခဲ့ပြီလား..."

"အင်း....အဆင့်တစ်ရတဲ့ ကောင်မလေး စာအုပ်ကို ငှားလာခဲ့တယ်...သူ့လေ့ကျင့်ခန်း စာအုပ်တွေ ကို ကြည့်ပြီးမှ သူ့လို ကြိုးစားရမယ်...."

"အမေ့သား အကျင့်ယုတ်တာ တွေ့လား..."

"ဟဲ့...ကလေး ကို..."

"ဒါကြီး က ကလေး....ဒါကြီးကလေ..."

မကြီး က ပုဆိုး လှမ်းဆွဲချွတ်တော့ ငြိမ်းချမ်း ရှောင်ပြီး လွယ်အိတ်ကို ပြန်ကောက်လွယ်ကာ အပေါ်ထပ်ကို ပြေးတက်လာခဲ့လိုက်သည်။

ကျောပိုးအိတ်ထဲက စာအုပ်ကို ထုတ်ကြည့်ဖို့ တွေးမိပြီးမှ ရေအရင် ချိုးဖို့ပဲ လုပ်လိုက်သည်။

"သား...ရေကြာကြီး မချိုးနေနဲ့နော်.."

"ဟုတ်...မလေး ထမင်းသုပ်ပေး..."

"ကိုယ်တော်လေး ပြန်လာတာနဲ့ သူ့ကိစ္စ ချည်းပဲ..."

"ကိုယ့်မောင် အငယ်ဆုံးလေး ကို ဒါတောင် မလုပ်ပေးချင်ဘူးလား..မိန်းမ ယူလိုက်ရမလား.."

"အမလေး....တောင်းပန်ပါတယ်...ကိုယ်တော်ရယ်."

"ဟေ့ကောင်....ချမ်းချမ်း....ဆံပင် ရှည်နေပြီ..."

"ကိုကြီး နဲ့ ကိုလတ် မှ မအားတာပဲလေ....အဖေ့ကို ပြောရမယ်..."

"ဟေ့ကောင်....မလုပ်နဲ့နော်...မနက် ငါ စောစော လိုက်ပို့မယ်....."

တွယ်နှောင်ရစ်ငင်Where stories live. Discover now