တွယ်နှောင်ရစ်ငင်
အပိုင်း(၁၁)
#တွယ်နှောင်ရစ်ငင်
10310140
"ဘယ်လိုဖြစ်တာလဲ....ချမ်းချမ်း..."
"........"
"အဆင့် နှစ်ဆယ့်နှစ် ဆိုတာ တစ်ခါမှ မကြားဖူးဘူး....ကျူရှင် တက်နေရဲ့သားနဲ့ ဘယ်လို ဖြစ်တာလဲ..."
"သား....ကျက်တာနဲ့ လွဲသွားလို့ပါ..နောက်လ ကြိုးစားပါမယ်...."
"ကျောင်းသားက ကျောင်းစာ ကို ဂရုမစိုက်ရအောင် ရည်းစား ထားနေတာလား..."
"ဟင့်အင်း...မဟုတ်ပါဘူး.."
"ဟင်း....အဆင့်ကျတာ မေမေ လုံး၀ မကြိုက်ဘူး...သားကို ပြည့်ပြည့်စုံစုံ ထားနေရဲ့သားနဲ့ ဘာကြောင့် အဆင့်ကျရတာလဲ...ကိုးတန်း ဆိုပေမဲ့ ဘယ်လောက် အရေးကြီးလည်း သားသိတယ်မလား...ဘာလို့ ဒီလောက် ပေါ့ရတာလဲ..."
"သား..နောက် ကြိုးစားပါ့မယ်..."
"သား မှာ ဘာ အခက်အခဲ ရှိလည်း မေမေ့ ကို ပြောလို့ရတယ်လေ....ကျူရှင် က စာတွေကို နားမလည်လို့လား...ဂိုက် ပြောင်းသင်မလား.."
"ဟင့်အင်း...ဝိုင်းက အဆင်ပြေပါတယ်..."
ငြိမ်းချမ်း ပျာပျာသလဲ ငြင်းလိုက်မိသည်။
ဂိုက် သင်မယ်ဆိုရင် ကျူရှင်သွားစရာမလိုတော့ အလုံးနဲ့ တွေ့ဖို့လည်း မလွယ်..။
"ကဲ...သွား...ရေချိုးပြီးထမင်းစား...မေမေ ကျူရှင်လိုက်ပို့မယ်..."
ငြိမ်းချမ်း ခေါင်းညိတ်ပြီး အပေါ်ကို တက်လာခဲ့ရသည်။
အဆင့်ကျတာ ကိုယ်တိုင်လည်း မကြိုက်ပေမဲ့ ဒီလောက်ကြီး ကျသွားမယ် မထင်ထားခဲ့ပါ...။
အေခန်းဆိုတော့ အမြဲ ပြိုင်ဆိုင်နေရတာ မို့ တစ်မှတ် နှစ်မှတ် ကွာရင်တောင် အဆင့်အကွာကြီး ဖြစ်သွားတက်သည်။
ငြိမ်းချမ်း သက်ပြင်း ချပြီး ခုတင်မှာ ထိုင်ချလိုက်ကာ နောက်လ စာမေးပွဲ အတွက် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။
အဓိက တရားခံ က အောင်ဝင်းနဲ့ ဝင်းကိုပဲ..။
သူတို့သာ စာအုပ် မပေးခဲ့ရင် ခုလို ဖြစ်စရာ အကြောင်းမရှိ..။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...