တွယ်နှောင်ရစ်ငင်
အပိုင်း(၂)
10260104
#တွယ်နှောင်ရစ်ငင်
"သမီး...လာသွားမယ်လေ..."
"ဟုတ်....."
အလုံး စာရေးလို့ မပြီးသေးလို့ စိတ်ညစ်သွားပေမဲ့ ဖေကြီး စကားကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
ကျောင်းရောက်တော့မှ ဆက်ရေး ရတော့မည်။
ဖေကြီး က အလုံးကို ကျောင်းအစောကြီး လိုက်ပို့ပေးသည်။
တစ်ခါတလေ ဆိုရင် ဆရာမတောင် မရောက်သေးလို့ အခန်းပြင်မှာ တစ်ယောက်တည်း စာထိုင်ရေးနေရသည်။
"ဖေကြီး...ကျောင်းရောက်ရင် ဆရာမ ရောက်သေးဘူး..."
"ဟင်...ဟလား..."
"အင်း..."
အလုံး စက်ဘီးခြင်းထဲကနေ မော့ကြည့်ပြီး ပြောလိုက်တော့ ဖေကြီး စက်ဘီး ကို ဖြည်းဖြည်းနင်းသည်။
"ဖေကြီးက အလုပ်ရှိလို့ စောပို့တာ သမီးရဲ့....ဒါဆို ဖေကြီး အလုပ်ပြီးတဲ့ အထိ စောင့်မလား..."
"အွင်း.."
ဖေကြီးက လမ်းကြားလေးထဲ ကို စက်ဘီး နင်းသွားသည်။
တောကြီးထဲ ရောက်သွားပြီး ခဏကြာတော့ အိမ်အဟောင်းကြီး ကို ရောက်သွားသည်။
"ဟင်...ကလေး ခေါ်လာတယ်..."
"ကျောင်းမှာ တစ်ယောက်တည်း ဖြစ်နေလို့ပါ...."
"ဒေါ်မိတုတ်..."
"အေး..အေး...."
ဖေကြီး က အလုံးကို စက်ဘီးပေါ်က ချပြီး အပင်အောက်မှာ ဖိနပ် ချွတ်ပေးသည်။
"သမီး ဒီမှာ စာထိုင်ရေးနေနော်...ဖေကြီး အလုပ်ပြီးရင် ပြန်လာမယ်..."
"အင်း..."
"တစ်ယောက်ယောက်လာရင် ဖေကြီးကို အော်ခေါ်နော်..."
"ဟုတ်..."
"......."
ဖေကြီး က အလုံးကို ပြောပြီး ဒေါ်မိတုတ်ကို လက်ကိုင်တော့ ဒေါ်မိတုတ်က ဖေကြီး ကို လိမ်ဆွဲသည်။
"ဒေါ်မိတုတ်...ဖေကြီးကို မဆိပ်နဲ့.."
"အမလေးတော်...အေးပါ...တကယ်ပဲ..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...