တွယ်နှောင်ရစ်ငင်
အပိုင်း(၄၁)
#တွယ်နှောင်ရစ်ငင်
11201137
"လူတွေ များတယ်နော်...ကိုချမ်း.."
"ဘာမှ မဖြစ်ပါဘူး.."
အလုံးက တွန့်ဆုပ်နေပေမဲ့လည်း သားကတော့ ဖုန်းကိုင်ပြီး ဆင်းသွားပြီ..။
ကိုချမ်းက တံခါးကို ကိုင်ပြီး ရပ်စောင့်နေတော့ အလုံး ဆင်းလိုက်ရတော့သည်။
"လာ..ဒီမှာ ထိုင်ရအောင်..."
"ဖေချမ်း..ဒါဘာလဲ.."
"View Pointလေ..မင်း စာဖတ်ပါလား.."
'မတွေ့လိုက်လို့ပါ...ခဏလေး...ဓာတ်ပုံ သွားရိုက်လိုက်ဦးမယ်..."
"သား.."
"နေပါစေ..."
ကိုချမ်း လည်း ထသွားတော့ အလုံး တစ်ယောက်တည်း တောင်ပေါ် ရှုခင်းလေးတွေကို ငေးကြည့်နေမိသည်။
သားကတော့ လူတွေ ရပ်ပြီး ဓာတ်ပုံ ရိုက်ကြတဲ့ အစွန်း ထိုင်ခုံလေးကို ရောက်သွားသည်။
အလုံး စိတ်ပူနေပေမဲ့လည်း သားက ကလေးမှ မဟုတ်တော့တာပဲလေ..။
"..........."
အလုံး ရှေ့မှာ ကော်ဖီ တစ်ခွက် နဲ့ မုန့်ချပေးတော့ ကိုချမ်းကို မော့ကြည့်မိသည်။
"မနေ့ကလို ဖြစ်ဦးမယ်..စားလိုက်.."
"ဟုတ်.."
".........."
"တို့ဟူးနွေး စားကြည့်မလား.."
"မစားဖူးဘူး..."
"စားကြည့်ပေါ့..."
"ဟုတ်..."
အလုံးရှေ့က ပန်းကန်ကို လှမ်းယူပြီး ကိုချမ်း စားသလို မွှေပြီး ခပ်စားကြည့်မိသည်။
တို့ဟူးကြော်လည်း မဟုတ်တော့ စားရတာ တမျိုးကြီးတော့ ဖြစ်ပေမဲ့လည်း မငြင်းချင်တော့လို့ ဆက်စားရသည်။
"အာ...ဒေါက်တာချမ်း မှန်း တို့သိသားပဲ...အဟွင်း..."
"ဟင်...ရတနာ...ဟာ...ထိုင်လေကွာ...ဘယ်သူတွေ ပါလဲ..."
"သူငယ်ချင်းတွေနဲ့ပေါ့..."
"ဟလား...မတွေ့တာတောင် ကြာပြီပဲ...ဘယ်တုန်းက ပြန်ရောက်လဲ ကျောင်းတက်နေတုန်းဆို.."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...