တွယ်နှောင်ရစ်ငင်
အပိုင်း(၄၃)
#တွယ်နှောင်ရစ်ငင်
"အလုံး.."
"ဟင်..."
"လာလေ..."
ကိုချမ်းက ဆေးစစ်ရမယ်ဆိုပြီး ခေါ်လာလို့ သားနဲ့အတူ လိုက်လာရပေမဲ့အလုံး ကြောက်ပါသည်။
၀တ်စုံတွေလဲ၀တ်ထားရပြီး အဖြူရောင် အခန်းထဲကို ခေါ်သွားတော့ ကိုချမ်းကို တစ်ချက် ကြည့်မိသည်။
"ဘာမှ မဖြစ်ပါဘူး..နာလည်းမနာဘူး..စိတ်ကိုလျော့ထားနော်..."
"ဟုတ်..."
"မောင်မောင် ..ဟိုဘက်ခန်းသွားလေ...မင်းလည်း စစ်ရမယ်.."
"ကျွန်တော်က နေကောင်းတယ်လေ..."
"သွေးပါစစ်ရမယ်လေ...မျိုးရိုးလိုက်တဲ့ရောဂါတွေ ဘာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ..."
"ဟင်..."
"ဖြစ်ရင် ပြောတာပါ အလုံးရဲ့...အဟွင်း..မကြောက်ပါနဲ့...ကိုယ်ကု ပေးမှာပေါ့.."
"အဟွင်း.."
အလုံးပြုံးလိုက်ကာ ဘေးက ဆရာမလေး ခေါ်တဲ့ အခန်းထဲကို ၀င်လာခဲ့လိုက်သည်။
အကျီ င်္ကို ချွတ်ရတော့ စိတ်မသက်မသာ ဖြစ်ရသေးသည်။
ဆရာ၀န်မလေးကမျက်နှာဖုံး အုပ်ထားတော့ အလုံးစိတ်တွေက တမျိုး အတွေးရောက်ရပြန်သည်။
ကိုချမ်းနဲ့ရယ်ပြီး နှုတ်ဆက်နေတာ တွေ့လိုက်တော့ ကိုချမ်း အရင် ချစ်သူ များလား မသိပါဘူး..။
"........."
အလုံး မျက်လုံး မှိတ်ထားလိုက်ပေမဲ့ ညတုန်းက ပုံရိပ်တွေ မြင်ယောင်လာမိတော့ ကိုယ့်ကိုသာ အပြစ်တင်ရမည်။
"အလုံး ဘာရှာနေတာလဲ..."
"ဟင်...ဟို...ဆေးပုလင်း.."
"လက်နာပြန်ပြီလား..."
"ဟို..နည်းနည်းပါ...ဆေးကို အောက်မှာ ထားမိလားလို့..."
"ကျစ်...ကိုယ်မေ့သွားတာ..မနက်ဖြန် ဆေးသွားစစ်မယ်.."
"ဘာမှ မဖြစ်ပါဘူး ကိုချမ်းရဲ့..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...