တွယ်နှောင်ရစ်ငင်
အပိုင်း(၅၂)
#တွယ်နှောင်ရစ်ငင်
11300549
"ဟင်...ဖေချမ်း အစောကြီး နိုးနေတာလား.."
မောင်မောင် မီးဖိုခန်းက ထွက်လာတော့ ငြိမ်းချမ်း ခေါင်းညိတ်လိုက်ပြီး အိမ်ရှေ့ခန်းကို ထွက်လာခဲ့လိုက်သည်။
"လာဦး..မောင်မောင်.."
"ဟုတ်..."
ငြိမ်းချမ်း သောက်လက်စ ကော်ဖီ ခွက်ကို တစ်ချက်ကြည့်ပြီး အကဲခတ်နေတော့ သက်ပြင်းချမိသည်။
"အလုံး ဖျားနေတယ်..."
"ဟင်..."
"တစ်ညလုံး ကယောင်ကတမ်းတွေ ပြောနေတယ်......"
"မေ့...."
"ဟ..."
ငြိမ်းချမ်း စကားမဆုံးခင် အခန်းထဲ ရောက်သွားပြီမို့ အနောက်က လိုက်သွားရသည်။
"မေ့....မေ့...."
"အင်...သား...သားလေး....မောင်..."
"ဟုတ်တယ်...မောင် ဒီမှာ...မေ့ ဘာဖြစ်လို့လဲဟင်...ဘယ်နား နာလို့လဲဟင်..."
"အင့်.....မေ့ မရှိရင် ဖေချမ်း အနားမှာပဲနေနော်....သား ကို မေ့စိတ်ချပြီ..."
"ဟာ...ဘာတွေ ပြောနေတာလဲ..မေ့က ဘာဖြစ်လို့လဲ...."
"..........."
"ဖေချမ်း..."
ငြိမ်းချမ်း ကို အားကိုးတကြီး ကြည့်တော့ သက်ပြင်းချရင်း အနားကိုတိုးသွားမိသည်။
သူ့အမေ နဖူးပေါ် လက်တင်စမ်းပြီး ငြိမ်းချမ်းကို တစ်ခါ မော့ကြည့်ပြန်သည်။
"အိပ်....အိပ်ခါနိးက အကောင်းပဲ....ဘယ်လိုဖြစ်တာလဲဟင်..."
"ငါလည်း မသိလိုက်ဘူး...အိပ်ခါနီးတော့ ပရက်ရှာတိုင်းမလို့ပဲ ...ခေါင်းမမူးတော့ဘူးဆိုလို့ ဒီတိုင်းထားလိုက်တာ...တစ်နာရီကျော်လောက်မှ ကယောင်တမ်း စကားပြောလို့ ထကြည့်တော့ အပူတက်နေပြီ...."
"........"
သူ့အမေ လက်ကို ဆုပ်ကိုင်ထားရင်း ခုတင်မှာ တစ်စောင်းထိုင်လိုက်တော့ ငြိမ်းချမ်းလည်း စိတ်မကောင်းဖြစ်ရပါသည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...