တွယ်နှောင်ရစ်ငင်
အပိုင်း (၅၈)
ဇာတ်သိမ်း
#တွယ်နှောင်ရစ်ငင်
01041203
"ဖေချမ်း...မောင်လည်း လိုက်မယ်လေ..."
"အလုံး တစ်ယောက်တည်းလေ...နေခဲ့ပါ..."
"ရတယ်...ကိုချမ်း..ခေါ်သွားပါ...အလုံး တံခါးပိတ်ပြီး နေပါ့မယ်...ဖုန်းလည်း ရှိတာပဲ..."
"ဟုတ်တယ်...ဖေချမ်း ကားမောင်းရင် အဆင်ပြေမှာမဟုတ်ဘူး..."
ငြိမ်းချမ်း ခေါင်းညိတ်လိုက်ပြီး စိတ်ကို ငြိမ်အောင် ထိန်းရင်း ရှပ်အင်္ကျီ လဲ၀တ်တော့အလုံးကအနားရောက်လာပြီး ကြယ်သီးတပ်ပေးသည်။
"အရမ်းစိတ်မပူပါနဲ့...အဆင်ပြေသွားမှာပါ ကိုချမ်းရယ်...အဖေက စိတ်မာတဲ့လူမျိုးပါ.."
"အင်း...ဟင်း...ကိုယ် စိတ်ပူတယ် အလုံးရယ်.."
အလုံးက ငြိမ်းချမ်း ကို ဖက်ပြီး ကျောကိုပုတ်ပေးတော့ ပခုံးပေါ်မှာ မေးတင်ထားရင်း သက်ပြင်းချမိသည်။
အိမ်ကို ပြန်ရောက်ပြီး မိုးချုပ်နေလို့ အဖေ့ဆီကို ဖုန်းမခေါ်ဖြစ်တာပါ..။
မနက်ပိုင်း ဖုန်းဆက်တော့အဖေက အရေးပေါ်ခွဲစိတ်ရမယ်ဆိုတာ မယုံနိုင်သေး..။
"ကောင်းသွားမှာပါ.."
"အင်း...ကိုယ် သွားမယ်..တံခါး ပိတ်ထားနော်.."
"ဟုတ်..."
ခြံတံခါးပိတ်ရင်း လက်ပြနေတဲ့ အလုံးကို တစ်ချက်ပြုံးပြလိုက်ကာ လမ်းမပေါ်ရောက်တော့ မျက်လုံးမှိတ်ထားမိသည်။
"ဆေးရုံပဲသွားမယ်မလား..ဖေချမ်း.."
"အင်း..."
ယောက်ျားတစ်ယောက်ဆိုပေမဲ့ အဖေ့ကို စိတ်ပူလို့ စိတ်တွေက မငြိမ်မသက်ဖြစ်နေသည်။
ရောဂါ အခြေအနေကို သိပြီးသားမို့ ခွဲစိပ်မှုကို ဖြတ်ကျော်နိုင်ပါ့မလား တွေးရင်း မွန်းကြပ်ရပါသည်။
"........"
"........"
"မျကီး.."
"ဟင်..ချမ်းချမ်း.."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...