Part 51

6.8K 235 5
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၅၁)

#တွယ်နှောင်ရစ်ငင်

11280606

"အလုံး.."

"ဟင်..."

"ကိုယ် သွားတော့မယ်..."

"ဟုတ်.."

အလုံးက ခေါင်းညိတ်ပြီး ထိုင်နေတော့ ငြိမ်းချမ်း အံသြမိသည်။

အရင်နေ့တွေ တုန်းက အနားကို ချက်ချင်း ရောက်လာပြီး ကား အနားထိ လိုက်ပို့ပေးသည်။။

သူလည်း အလုပ်တွေ  ပင်ပန်းလို့ထင်ပါရဲ့လေ..။

ငြိမ်းချမ်း ပြုံးပြီး ပါးကို ဖွဖွ ဖျစ်လိုက်၍ အိမ်ထဲက ထွက်လာခဲ့လိုက်သည်။

ဆေးခန်းပိတ်ရက်လည်း အလုပ် ရှိလို့ ထွက်လာရပေမဲ့ စိတ်တွေက လေးနေသည်။

မနက်စာ တူတူ စားတုန်းကလည်း တိတ်ဆိတ် ငြိမ်သက်နေတာ သတိထားမိသည်။

နေများ မကောင်းလို့လား မသိပါဘူး..။

အဖေ့ဆီကို သွားမယ်လို့ တွေးမိပေမဲ့ အလုပ်တွေ ပြီးတာနဲ့ အိမ်ကိုပဲ တန်းပြန်ဖြစ်ခဲ့သည်။

ငြိမ်းချမ်း ကားမောင်းနေရင်း ခြံဘက်ကို အကြည့်ရောက်သွားတော့ ခြံတံခါး၀ မှာ ယောက်ျား တစ်ယောက် ရပ်နေသည်။

ကား ကို အရှိန်လျော့လိုက်ကာ ရင်တွေလည်း ခုန်လာသည်။

မောင်မောင့်ရဲ့ အဖေများလား..။

အိမ်ရှာပြီး လိုက်လာတာလား.။

ငြိမ်းချမ်း ကားက ခြံရှေ့ရောက်တော့  အတော်လေး လှမ်းနေပြီ..။

ခြံထဲကို လှမ်းကြည့်လိုက်တော့ ပန်းခြံ အနားမှာ အလုံးက မတ်တတ်ရပ်နေပြီး ကား တွေ့တော့မှ အထဲ ကို ၀င်သွားသည်။

ငြိမ်းချမ်း နားမလည်နိုင်ဖြစ်ရင်း ကိုယ်တိုင်ပဲ ခြံတံခါး ဆင်းဖွင့်ပြီး မောင်း၀င်လာခဲ့လိုက်သည်။

ကား ကို နေရာချပြီး  အိမ်ထဲ ရောက်လာတော့ အလုံးကို အိမ်ရှေ့ခန်းမှာလည်း မတွေ့..။

ငြိမ်းချမ်း မီးဖိုခန်း အထိ ၀င်သွားတော့ ပန်းကန် ကိုင်ထားရင်း မတ်တတ်ရပ်နေသည်။

တွယ်နှောင်ရစ်ငင်Where stories live. Discover now