Part 20

5.5K 219 9
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၂၀)

#တွယ်နှောင်ရစ်ငင်

11040124

"အား...မေ့...မေ့..."

အလုံး အရာအားလုံးကနေ ခဏထွက်သွားမယ် စိတ်ထဲမှာ ဘာမှ မတွေးဘူး ဆိုပေမဲ့လည်း သားရဲ့ အော်သံကြောင့် ရပ်လိုက်မိသည်။

သိပ်မဝေးတော့တဲ့ ကုန်းပြေပြေလေး မှာ သစ်ပင်တွေ နွယ်နေတဲ့ က သစ်ပင်ကြီးကို တစ်ချက် လှမ်း ကြည့်လိုက်သည်။

တစ်ယောက်တည်း ခဏနေကြည့်ချင်သည်။

မိနစ်ပိုင်း ဖြစ်ဖြစ်ပေါ့...။

သစ်ပင်ကို ထိတွေ့ရင်း ခံစားခဲ့ရသမျှ ပင်ပန်းသမျှတွေကို ဖွင့်ပြောကာ အုလှိုက်သည်းလှိုက် ငိုကြွေးပစ်ချင်သည်။

အလုံး နားကို လက်ညိုး ထိုးထည့်ပြီး ခေါင်းကို ရမ်းကာ ဆက်လျှောက်လာသည်။

"အီး....မေ့...."

သားရဲ့ ငိုသံနဲ့ ရောထွေးနေတဲ့ ခေါ်သံက နားက ကြားတာလား နှလုံးသားက ကြားတာလား မသေချာခင် အလုံး ပြန်လှည့်သွားမိပြီ..။

"ဟင်...သား..သား...ဘာ...ဘာဖြစ်တာလဲ.."

"ဝါးထိုးမိတာ.."

"အို..."

ခြေဖနောင့်နေရာက နေ စူး၀င်နေသည့် ဝါးချွန်နဲ့ အပြင်ဘက်မှာ သွေးရဲနေပြီ..။

သား က ခြေဖျားထောက်ရပ်နေရင်း အလုံးရဲ့ အကျီ င်္ကို ဆွဲကိုင်ထားသည်။

"သား....သား...ထိုင်လို့ရလားဟင်..."

".........."

"မေ့...ချီမယ်..."

"အား.."

"အို..."

"မေ့.... မေ့ မထုတ်ပါနဲ့..အီး.."

သားက သူ့ခြေထောက်က ဝ့ါးချောင်းကို ကိုင်လိုက်တာနဲ့ မျက်လုံးစုံမှိတ် ခေါင်း၇မ်းအော်နေတော့ အလုံး လက်တွေ တုန်ရင်း ရပ်တန့်လိုက်သည်။

"ဒီမှာ..ဒီမှာ..ခဏစောင့်နော်....မေ့ ဆရာမ သွားခေါ်မယ်...နော်..သား..."

"ဟင့်အင်း...ဟင့်အင်း..."

"မေ့ထုတ်လိုက်ရင် သား အရမ်းနာလိမ့်မယ်.."

တွယ်နှောင်ရစ်ငင်Where stories live. Discover now