Part 23

4.9K 236 3
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၂၃)

#တွယ်နှောင်ရစ်ငင်

11050405

"မာမီကတော့ နှစ်ယောက်စလုံး ဆေးစစ်စေချင်တယ်..."

"ဟုတ်ကဲ့...စစ်လိုက်ပါမယ်...မာမီ..."

"အင်း...သားလည်း သိတဲ့အတိုင်းပဲ...တစ်ဦးတည်းသော သမီးဆိုတော့လေ....မြေးအရမ်း လိုချင်တယ်...အဟွင်း.."

"ဟုတ်..."

"မီးက အစကတည်းက အားနည်းလို့ပါ ...."

"ဒါပေမဲ့ လက်ထပ်ပြီးတာ ကြာနေပြီဆိုတော့ ပုံမှန်ဆို ထူးခြားသင့်နေပြီနော်...ဟုတ်တယ်မလား...သား..."

".........."

"......."

ယောက္ခမ ရှေ့မှာ ထိုင်နေရပြီး ပြောသမျှ ခေါင်းညိတ်နေရတာ  ငြိမ်းချမ်း မျက်နှာပူလှပါသည်။

နိုင်ငံခြားက ခဏပြန်လာချိန်မို့ သွားနှုတ်ဆက်တာတောင် ကလေး အကြောင်းချည်းပဲ မေးနေတာ စိတ်လည်း ရှုပ်ပါသည်။

မွန့်ကိုလည်း အားဆေးတွေ တိုက်နေသားပဲ..ကလေး တစ်ယောက် ရဖို့ဆိုရင် ထိုက်သင့်တဲ့ကံနဲ့လည်း ဆိုင်တာ သိဖို့ကောင်းပါသည်။

"မီးတို့ မုန့်သွားစားဦးမလို့...ပြန်ဦးမယ်...မာမီ..."

"အင်း...အင်း..အဆင်ပြေမှာပါ..မာမီ ခုတလော အိပ်မက်ကောင်းတယ်....၀၀ ကစ်ကစ်လေး နှစ်ယောက်တောင် သမီးရဲ့....ထူးခြားလာမှာပါ..."

"ဟုတ်.."

မွန်က မျက်နှာမကောင်းစွာဖြင့် ဘေးမှာ ထိုင်နေတော့ ငြိမ်းချမ်း ကားမောင်းရင်း သက်ပြင်း တစ်ချက်ချကာ ပင်ပန်းရပါသည်။

"မွန်...မုန့်စားမယ်ဆို..ဘယ်ဆိုင်သွားမလဲ..."

"ဟင့်အင်း..မာမီက အဲဒါပဲ ပြောနေတော့ စိတ်ညစ်လို့ပါ...ကိုကို ဆေးခန်းသွားရဦးမယ်လေ..."

"ထားလိုက်ပါ...မွန် ဘယ်သွားချင်လဲ..."

"မသွားချင်ပါဘူး...အိမ်ပဲ ပြန်ချင်တယ်..."

မွန်ကလည်း မျက်နှာပျက်နေတော့ အိမ်ကိုပဲ ဦးတည်ပြီး ကားမောင်းခဲ့ရသည်။

တွယ်နှောင်ရစ်ငင်Where stories live. Discover now