Part 10

7K 289 26
                                    


တွယ်နှောင်ရစ်ငင်

အပိုင်း(၁၀)

#တွယ်နှောင်ရစ်ငင်

10300545

"အလုံးရေ...အလုံး..."

ကျောင်းပိတ်ရက်မို့ အလုံး အဝတ်တွေ လျှော်နေချိန် ကိုချမ်း အသံကို ကြားရတော့ လက်ဆေးပြီး ရေတွင်းကနေ ထပြေးသည်။

"ကိုချမ်း..."

"ငါက နင့်အဘိုးနဲ့ လိုက်သွားပြီ ထင်နေတာ..."

"ဘာလို့လဲ ကိုချမ်း..."

'ဟမ်..."

"ဘာလာလုပ်တာလဲလို့..."

"အိုး...ဧည့်သည်ကို အဲလို ကြိုရလားဟ..."

"အွင်.."

ကိုချမ်းက စက်ဘီးကို ဒေါက်ထောက်ပြီး အိမ်အတက်ဆင်းမှာ ထိုင်လိုက်တော့ သဲတွေ ပေကုန်မှာ စိုးပြီး လက်မောင်းကို ဆွဲထားရသည်။

"ဘာလဲ.."

"ညစ်ပတ်နေတယ်...ပေါ်တက်လေ..."

"မတက်တော့ပါဘူး...နင် တစ်ယောက်တည်းမလား.."

"အွင်း..."

"ငါလာတာ အိရွှေစင်တို့ သိရင် အိမ်ကို တိုင်လိမ့်မယ်..."

"ကိုချမ်းက ဘာလို့ လာတာလဲဟင်..."

"လုပ်ပြန်ပြီ....လက်သီးစာ မိတော့မယ်..."

အလုံး ခေါင်းကို လက်သီးနဲ့ ထုပြီး ပြောတော့ ခေါင်းပုထားရင်း မျက်လုံးမှိတ်လိုက်မိသည်။

"သိဘူးလေ....ဘိုးလေး ကို လာခေါ်တာလား..."

"နင့်ကို လွမ်းလို့...နင့်ကို သတိရလို့...ရှင်းပလား..."

"ဟင်...သတိရလို့..."

"ဘာလဲ...နင်ကော သတိမရဘူးလား..."

'ဟင့်အင်း...မနေ့က တွေ့တယ်လေ....မနက်ဖြန် တစ်ရက် ပြီးရင် တွေ့ရဦးမယ်..."

"ငါကတော့ သတိရလို့ အဝေးကြီးလာရတာ...သူကတော့ သတိတောင်မရဘူး.."

"ကိုချမ်း ဆူခံရမှာ စိုးလို့ပါ...မနေ့က...ကျောင်းလာတုန်းကလည်း တွေ့သေးတယ်လေ..."

"စက်ဘီးနင်းရင်း တွေ့ရတာ မကောင်းပါဘူး...ငါတို့စကားကောင်းကောင်း မပြောရတာ ကြာနေပြီ..."

တွယ်နှောင်ရစ်ငင်Where stories live. Discover now