တွယ်နှောင်ရစ်ငင်
အပိုင်း(၂၁)
#တွယ်နှောင်ရစ်ငင်
11040632
"ဟမ်....ဒါဆို... နင် တက်ခူးတာလား.."
"အွင်း..."
"နင့်ကို ဘယ်သူတက်ခိုင်းတာလဲ..."
"ဒေါ်ကြီးက အပင်တက်ခူးတက်လားမေးလို့ မောင်တက်ခူးပေးလိုက်တာပါ..."
"ဖြန်း.."
အလုံး တစ်နေကုန် ချည်နင်း ချည်လှန်း သူများခိုင်းတာ မှန်သမျှ လုပ်ရလို့ ခြေကုန်လက်ပန်းကျနေပေမဲ့ အိမ်ပြန်ရောက်ချိန် ကြားလိုက်ရတာ မသက်သာ..။
ငွေ နှစ်ရာတန် ကိုင်ပြီး ထိုင်စောင့်နေတဲ့သားက ၀မ်းသာ အားရ ပြောပေမဲ့ အလုံးမှာတော့ မချိတင်ကဲ ဒေါသဖြင့် ကျောကို ဖြန်းခနဲ့ ရိုက်ချလိုက်သည်။
သား က ကျောကော့သွားပြီးမှ အလုံးကို မှုန်ကြုတ်ကြုတ်ဖြင့် ပြန်ကြည့်တော့ ပို၍ပင် ဒေါသထွက်လာသည်။
"နင်က သူများခိုင်းဖက် ဖြစ်ချင်နေတာပဲ...ချမ်းမြေ့သူ...ငါ က ကျောင်းထားနိုင်အောင် တစ်နေကုန် အလုပ်တွေ ပင်ပင်ပန်းပန်းလုပ် မခိုင်းရက်လို့ အိမ်မှာထားခဲ့..အလုပ်ရုံ ခေါ်သွားရင်တွေ့ရာလူက ခိုင်းမှာစိုးလို့ နေရိပ် အိမ်ရိပ်မှာ စာကျက်ပြီး သက်သက်သာသာ နေပါစေလို့ ထားခဲ့တာ...ဟမ်....နင် က ဟိုလူခိုင်း ပြေးလုပ် ဒီလူခိုင်း ပြေးလုပ်ပြီး ငွေနှစ်ရာ ရတာ တော်တော်ပျော်နေတယ်ပေါ့ ဟလား....ပြော....အဲလို နေချင်တာလား..ပြောစမ်း...ငါလည်း သက်သာတယ်....ဒီလောက် လုပ်ချင်တာ....နင့်ကို ကျောင်းထုတ်ပြီး အလုပ်ထဲ ထည့်လိုက်ရမလား ပြော..."
"............"
"နင့်ကို ငါ နေ့တိုင်း မုန့်ဖိုး နှစ်ရာပေးနေတာ မလောက်ဘူးလား..ဟမ်...မလောက်ဘူးလားလို့...ဟဲ့..."
"ဖြန်း..."
အလုံး စိတ်ကို ထိန်းချုပ်လို့ မရတော့ပဲ ဒေါသကြောင့် လက်မောင်းကို ကိုင်လှုပ်ပြီး ကျောကို ထပ်ရိုက်မိသည်။
"မေ့ အမြဲ အဲလိုပဲ....အိမ်မှာပဲ နေခိုင်းတယ်...ရွာထဲ ကိုလည်း မသွားခိုင်းဘူး..ကျောင်းဆင်းရင် သူများတွေနဲ့လည်း မဆော့ရဘူး...အမြဲတမ်း တစ်ယောက်တည်းပဲ နေရတယ်..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...