တွယ်နှောင်ရစ်ငင်
အပိုင်း(၂၆)
#တွယ်နှောင်ရစ်ငင်
"မောင်...ရန်ကုန်လိုက်သွားမယ်..."
"ဟင်...မသွားပါနဲ့ သားရယ်...ပိုက်ဆံက ပြန်ရှာလို့ရပါတယ်...နော်...ထားလိုက်ပါ..."
"ခုနှစ်သိန်းတောင် မေ့ရဲ့....ပြီးတော့ အထည်ဆိုင်ကြီး တစ်ဆိုင်က ဒီလို လုပ်တာ ကို ငြိမ်နေလို့မရဘူး...မောင် သွားတောင်းမယ်...ကောင်းကောင်း မပေးရင် ရဲခေါ်မယ်..."
"သား က ကလေးပဲ ရှိသေးတယ်လေ....သူတို့က...အို...မသွားပါနဲ့ သားရယ်....ဒီပိုက်ဆံတွေကို မေ့ရှာပါ့မယ်.."
"မရဘူး..မောင်သွားမယ်....မနက် စောစော တက်သွားလိုက်ရင် ညကျ ပြန်ရောက်မှာပါ...နော်..မေ့..."
"သားရယ်...အင့်..မေ စိတ်ပူလို့ပါ သားရယ်...သားက ကလေးပဲ သားရဲ့..ဒီလို မြို့ကြီးမှာ လူလိမ်တွေ လူမိုက်တွေ လူဆိုးသူခိုးတွေနဲ့ ...ကားပေါ်မှာတောင် လုယက်နေကြတာ...သားကလည်း စိတ်ဆတ်တာနဲ့...မပြောကောင်း ပြောကောင်း...အို...မေ့ စိတ်မချဘူး သားရယ်..."
"မေ့....အဲလို မလုပ်ပါနဲ့...မောင့်ကို ကလေးလိုချည်းပဲ မြင်မနေပါနဲ့တော့...တစ်ခါတလေ ယုံပေးပါလား...စိတ်ချလိုက်ပါလား....သူများတွေ ရှစ်တန်းကတည်းက မြို့သွားပြီး အလုပ်လုပ်နေကြတာပါ....မောင်ခု ဆယ်တန်းပြီးပြီလေ...မေ့ ဘယ်တော့မှ စိတ်ချမှာလဲ..."
"အင့်...သား တစ်ယောက်တည်းလေ...သွားရမှာ အဝေးကြီးကို..."
"မောင့်သူငယ်ချင်းတွေလည်း ရန်ကုန်မှာ ရှိသားပဲ...နော်...သူတို့နဲ့ ဖုန်းဆက်ပြီး သွားမှာပါ...တကယ်ဆို မောင် ချက်ချင်းလိုက်သွားမလို့...မေ့ ကို မပြောပဲ မသွားချင်လို့ပါ....မေ့ ကို ခွင့်တောင်းတာကို ခွင့်ပြုပေးပါ မေရယ်...နော်..."
သား ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ ကလေးဘ၀တုန်းကလို နားမလည် မသိတက်သည့် ဝိုင်းစက်သော မျက်၀န်းလေးတွေ ပျောက်ကွယ်နေပြီ..။
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချပြီး ရဲရင့်ပြတ်သားသည့် ယောက်ျားတစ်ယောက်ရဲ့ မျက်၀န်းမျိုးတွေ..။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...