တွယ်နှောင်ရစ်ငင်
အပိုင်း(၂၇)
#တွယ်နှောင်ရစ်ငင်
11090139
"မေ.."
"ဟင်.."
"မောင်နဲ့ လိုက်ခဲ့ပါလား...."
"ဘယ်ဖြစ်မလဲ သားရယ်....ယောက်ျားလေးတွေချည်းပဲ..."
"ရပါတယ်......အခန်းသပ်သပ်နေရတာပဲလေ..."
"ဟင်း...သားက ကျောင်းသွားတော့ မေ့ တစ်ယောက်တည်း ဘာလုပ်မလဲ...ဒီက စက်တွေကိုလည်း ထားခဲ့လို့မှမရတာပဲ သားရယ်.."
သား က နှုတ်ခမ်းကိုက်ရင်း စဉ်းစားခန်းထုတ်နေပြီမို့ အလုံး ခေါင်းရမ်းကာ အလုပ်ရုံဘက်ကို ထွက်လာခဲ့လိုက်သည်။
ဆယ်တန်း စာမေးပွဲကို အောင်ခဲ့ပေမဲ့လည်း အလုံးကော သားကော ရန်ကုန် အိမ်အတွက် စာချုပ်လုပ်ရင်း အောင်စရင်းနေ့ပင် မေ့နေခဲ့မိသည်။
သားက ဦးဆောင်လုပ်သွားပေမဲ့လည်း အမှားအယွင်းတွေ ဖြစ်ကာ တရားစွဲခံရမှာလည်း ကြောက်ပါသည်။
စာချုပ်စာတမ်းကိစ္စ ပြီးလို့ ရွာကို ပြန်ရောက်တော့မှ သားက ဂုဏ်ထူးတွေနဲ့ စားမေးပွဲ အောင်တဲ့အကြောင်း ရွာသားတွေက ၀မ်းသာ ဂုဏ်ယူစွာ ပြောကြသည်။
ရွာလူကြီးတချို့က ဆုငွေ အဖြစ် တစ်သိန်းဆုချပေးခဲ့တော့ အလုံး စိတ်မကောင်းဖြစ်ရသည်။
အမေ တစ်ယောက်အနေနဲ့ သား စာမေးပွဲ အောင်စရင်းကို မေ့မိသည့် အတွက်လည်း အပြစ်ရှိသလို ခံစားရပါသည်။
"မေ့....မေ့သွားတယ်...သားရယ်...မဟုတ်ရင် နောက်မှ လုပ်တာပေါ့.."
"တစ်ခါလည်း လုပ်တော့ ကောင်းတာပေါ့....မောင် အောင်မယ်ဆိုတာ သိပြီးသားပဲ...မေ့က မောင်ပြောတာ ကို မယုံလို့ အောင်စရင်း စောင့်ကြည့်ချင်တာလား.."
"မဟုတ်ဘူးလေ....မေ့လည်း ရင်ခုန်ပြီး စောင့်ကြည့်ချင်လို့ပါ.."
"ခု အောင်ပြီပဲ...ရန်ကုန်မှာလည်း တိုက်ကြီး တစ်လုံးရပြီ...ဒီနှစ်တော့ မောင်တို့ ကံကောင်းတဲ့နှစ်ပဲ သိလား မေ့..."
"..........."
သား က တက်ကြွပျော်ရွှင်စွာ ပြောလိုက်ပေမဲ့လည်း အလုံးမှာ ခေါင်း ခပ်လေးလေး သာ ညိတ်လိုက်နိုင်သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...