တွယ်နှောင်ရစ်ငင်
အပိုင်း(၅၀)
#တွယ်နှောင်ရစ်ငင်
11271243
"မိန်းမ..."
"........."
"အလုံးလေးရေ..."
"ဟုတ်..."
"ဟွန့်..မိန်းမ ခေါ်ရင်တော့ မကြားဘူး.."
ငြိမ်းချမ်း လက်ထဲက အိတ်တွေကို မီးဖိုခန်းထဲ ယူသွားလိုက်ကာ စားပွဲပေါ် တင်လိုက်သည်။
ရေခဲသေတ္တာ ထဲကို ဖျော်ရည်ဘူး တွေ ထည့်နေချိန် ခြေသံကြားတော့ ပြုံးမိသည်။
အလုံးတော့ ခါးကို လာဖက်ပြီး ချွဲဦးမည်။
"ဖေချမ်း.."
"သောက်ပလုတ်....မင်းကွာ.."
ငြိမ်းချမ်း မထင်ထားသော အသံကျယ်ကျယ်ကြောင့် လန့်သွားပြီး စိတ်လည်းတိုမိသည်။
ဒီကောင် ကျောင်းပိတ်တာ မေ့သွားလို့ ပြန်လာမိတာပါ..။
"ဘာတွေ ဝယ်လာတာလဲ ဖေချမ်း..."
"မုန့်တွေလေကွာ...မမြင်ဘူးလား.."
"ဟလား..."
ငြိမ်းချမ်း အနားကို ရောက်လာပြီး မုန့်ထုတ်တွေထဲက တစ်ထုတ်ယူကာ ဖောက်စားတော့သည်။
တကယ်တွေ့ချင်တဲ့သူက ရောက်မလာသေးဘူး..ဒီမှာ ဝယ်လာတဲ့ မုန့်က ကုန်တော့မည်။
"မင်း အမေကော..."
"မသိဘူးလေ...မောင် က ခုမှ အပေါ်က ဆင်းလာတာ..."
"ကောင်းတယ်..အမေ တစ်ယောက်တည်း အောက်ထပ်မှာ..."
"သြော်...ဖေချမ်း...ဒီနေ့ ရေသွားကူးမယ်လေ..."
"မကူးပါဘူးကွာ...ငါ မအားဘူး.."
"ဖေချမ်းပြောတော့ ရေကူးတဲ့နေ့ခေါ်သွားပြီး...သင်တန်းအပ်ပေးမယ်ဆို...ဒီနေ့ဆန်းဒေးလေ...ဖေချမ်းလည်း ရှိနေတာပဲ...နော်..ဖေချမ်း..."
ငြိမ်းချမ်း တကယ်တော့ အလုံးနဲ့ နှစ်ယောက်တည်း အေးဆေး နေချင်လို့ ပြန်လာခဲ့တာပါ..။
ခုတော့ သားတော်မောင် အနှောင့်ကလေးက ရှိနေပြီ..။
ကျောင်းပိတ်ရက်ကို သင်တန်းသွားနေရင် ပိုပြီး လွတ်လပ်နိုင်သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...