Part 29

6.2K 317 12
                                    

တွယ်နှောင်ရစ်ငင်

အပိုင်း(၂၉)

#တွယ်နှောင်ရစ်ငင်

11090647

"မေ....ဘာဖြစ်လို့လဲ..."

"ဟင့်အင်း..မဖြစ်ပါဘူး.."

အိမ်ရှေ့ခန်းလို လုပ်ထားသည့် နေရာလွတ်ကြီး ကို ရောက်သွားကာ ပြတင်းပေါက်ကနေ ခြံ၀ ကို ခဏခဏ ငုံ့ကြည့်နေမိသည်။

သားက စာအုပ်တွေဖြင့် အခန်းထဲမှာ အလုပ်ရှုပ်နေရင်း လှမ်းမေးတော့ အလုံး ကပျာကယာ ပြန်၀င်လာခဲ့ရသည်။

"အန်တီရွှေစင် လာဖို့ ရှိလို့လား.."

"မဟုတ်ပါဘူး...သား ဒီမှာ နေရတာ အဆင်ပြေတယ်မလားဟင်.."

"ပြေတာပေါ့...ကျောင်းနဲ့လည်း နီးတယ်...မေ့ကိုလည်း စိတ်ချရတယ်...အိမ်ကလည်း ကျယ်တယ်...မောင်သာ ချမ်းသာ ရင် ဒီအိမ်ကြီးကို အပိုင်၀ယ်လိုက်ချင်တယ်...ဒီလောက်ကြီးတဲ့ အိမ်မျိုးနဲ့ မေလည်း မနေဖူးဘူးမလား.."

"အင်း..."

"အိမ်ရှင်ပြန်လာရင် မီးဖိုချောင် ဆင်းရတာ ခက်မလား မသိဘူး..."

"ပြောလို့ရမှာပါ....အိရွှေစင်လည်း ပြောမှာပေါ့..."

"မောင်ကတော့ ကျောင်းမပြီးမချင်း ဒီမှာပဲ နေချင်တယ်...အလုပ်လုပ်ရင်လည်း ပစ္စည်းတွေ ထားဖို့ နေရာရှိတယ်..."

"........"

အလုံး သိချင်လို့ မေးလိုက်တာ သားဆီက အဖြေကို ကြားရတော့ စိတ်တစ်၀က်သက်သာသွားသည်။

အလုံးတို့ငှားနေတာကို ကိုချမ်း မသိသေးဘူးတဲ့လေ..။

ကိုချမ်း နိုင်ငံခြားက ပြန်လာတော့မယ်လို့ အိရွှေစင် ဖုန်းဆက် ပြောလိုက်ကတည်းက အလုံးမှာ နေမရ ထိုင်မရ ဖြစ်လာသည်။

ညတုန်းက ပြန်မလာပေမဲ့ မနက်ပိုင်းတော့ ပြန်ရောက်မှာ သေချာပါသည်။

ပထမဆုံး မျက်နှာချင်းဆိုင်ရင် ဘယ်လို နှုတ်ဆက်ရပါမလိမ့်..။

သား အခန်းရှေ့မှာ ရှိနေသည့် ဘီဒိုကြီးက မှန်မှာ ကိုယ့်မျက်နှာကို တစ်ချက်ကြည့်မိသည်။

သနပ်ခါး ပါးကွက်လေးပင် ချွေးစက်များကြောင့် ဇကာကွက်လေးလို ဖြစ်လာပြီ.။

တွယ်နှောင်ရစ်ငင်Where stories live. Discover now