တွယ်နှောင်ရစ်ငင်
အပိုင်း(၄၄)
#တွယ်နှောင်ရစ်ငင်
"အဲဒါ မျကိုက္ဘူး.."
"မကြိုက်ဘူးတဲ့..."
"ဟုတ်ပြီ...ဒါကတော့ လုံး၀ နောက်ဆုံးထွက်ပဲ...ငါ့ညီ ဘော်ဒီနဲ့လည်း လိုက်တယ်..."
"ဟင့်အင်း...အရောင်မကြိုက်ဘူး.."
ငြိမ်းချမ်းမှာ အားနာရသော်လည်း အုပ်ထိန်းသူကြီး စိတ်ကြိုက်ဖြစ်ဖို့က အရေးကြီးလို့ ငြိမ်နေရသည်။
"ဒါကော...ဖေချမ်း.."
"အဲဒါက ဖစ်၀တ်တာ မဟုတ်ဘူးညီ...နောက်ပြီး ဒီကောင်က XLဆိုတော့ အဆင်မပြေဘူး..."
"ဘယ်လိုလုပ်မလဲ ဖေချမ်း.."
ငြိမ်းချမ်း ထိုင်ခုံမှာ ထိုင်စောင့်နေတာကို လှမ်းမေးတော့ ပြုံးသာပြလိုက်ရသည်။
သတို့သမီးတောင် သူ့လောက် အ၀တ်မရွေးပါဘူး.။
သတို့သားလုပ်မဲ့ကိုယ်လည်း အ၀တ်အစား ခေါင်းထဲမထည့်အားဘူး..။
အိရွှေစင်က ကုတ်အောက်မှာ၀တ်ဖို့ ရှပ်လေး ၀ယ်ခိုင်းလိုက်တာကို ဆရာသမားက ရွေးလို့ မပြီး ဖြစ်နေသည်။
"ဖေချမ်းနဲ့ တူတူပဲ ၀တ်လိုက်မယ်.."
"အဲဒါက ဆိုဒ်မရှိဘူး...ညီရဲ့..."
"ဟေ့..မင်းတို့သားအဖ မပြီးသေးတာလား.."
"အေးကွာ..ဒီမှာ...သားတော်မောင် အကြိုက်မတွေ့ဖြစ်နေလို့ကွ..."
"မင်းကလည်း အိုဗာ သက်တီးမှ ကလေးတစ်ယောက်ရတာ ဘယ်လိုထားရမှန်းမသိဖြစ်နေပြီထင်တယ်..ဟား.ဟား.."
"အေးဆို...အဲလို ဖြစ်နေပြီ.."
ဆိုင်၀န်ထမ်းတွေတုန်းက ကိစ္စမရှိပေမဲ့ ငြိမ်းချမ်း သူငယ်ချင်း ကိုယ်တိုင် ရောက်လာတော့ အတော်လေး အားနာရပါသည်။
"သား..အကြိုက်မတွေ့ဘူးလား..."
"အင်း....ကျွန်တော်က ဖေချမ်းနဲ့ဆင်တူပုံစံလိုချင်တာ..."
"ဟင်...ဘယ်ပုံစံလဲ.."
"ဒီဟာပါ...အစ္ကို.."
၀န်ထမ်းကောင်လေးက အကျီ င်္ လှမ်းပေးသည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...