တွယ်နှောင်ရစ်ငင်
အပိုင်း(၅၅)
#တွယ်နှောင်ရစ်ငင်
12310424
"အလုံး က မိုးချုပ်မှ ရေချိုးဖို့လား.."
"ဟုတ်...နည်းနည်း အိုက်နေလို့ပါ..."
အလုံး အခန်းထဲမှာ အ၀တ်အစားလဲပြီး ရေသုတ်၀တ်ကို ကိုယ်ပေါ်ပတ်ကာ ထွက်လာတော့ ကိုချမ်းက ဖုန်းကြည့်နေရင်း လှမ်းမေးသည်။
အလုံးကို ပြောပြီး ကိုချမ်းမှာလည်း တိရှပ်၀တ်ထားတာတောင် ယပ်တောင်က ကိုင်ထားရသေးသည်။
"........"
သားကတော့ ထမင်းဝြေပီးတာကို ပြန်မလာပဲ သိမ်းဖို့ဆည်းဖို့ ကို ကူရင်း ကျန်ခဲ့သည်။
အလုံး ရေတွင်းကို ရောက်တော့ အ၀တ်တွေကို ဘေးမှာ ချလိုက်ပြီး ရေဘုံးကို ရေတွင်းထဲ ချလိုက်သည်။
မသုံးတာကြာတော့ စဉ့်အိုးထဲက ရေတွေလည်း ရေညှိတက်နေပြီ..။
ရေတစ်ဘုံးခပ်ပြီး ချလိုက်ကာ ခြေတွေ လက်တွေကို အရင်ဆေးရသည်။
ခြေထောက်တွေကို ဆပ်ပြာတိုက်နေချိန် ကိုချမ်းလည်း အကျီ င်္ချွတ်ကြီး ဖြင့် ရောက်လာတော့ နေရခက်သွားသည်။
ဘယ်လောက်ပဲ ရင်းနှီးပါစေ ခုလို အနေအထားက စိတ်ထဲမှာ အဆင်မပြေသေး.။
"ကိုယ် ခပ်ပေးမယ်လေ.."
"ရ...ရပါတယ်..ကိုချမ်းရဲ့.."
"ကိုယ်လည်း အိုက်နေလို့ ရေချိုးမလားလို့..."
"ဟုတ်..."
အလုံး ဘေးဘက်ကို ရွေ့ပေးရင်း ခေါင်းငုံ့ကာ ခြေသည်းတွေကိုပဲ ကြည့်၍ တိုက်နေမိသည်။
"အင်.."
အလုံး ရှေ့မှာ ထိုင်ချလိုက်ပြီး မျက်နှာချင်းဆိုင်၍ မျက်နှာချင်း ကပ်သွားတော့ လန့်ဖြတ်ကာ နောက်တွန့်မိသည်။
"ကိုယ် တိုက်ပေးရမလား.."
"အာ..ရပါတယ်..."
"မသိဘူးလေ...ခြေသည်းမှာ ဘာတွေရှိလို့ ဒီလောက် ငုံ့ပြီး ဖိတိုက်နေတာလဲလို့..."
"........"
အလုံး ရှက်ပြုံး ပြုံးပြီး လက်တွေကို ရပ်လိုက်ရတော့သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...