တွယ်နှောင်ရစ်ငင်
အပိုင်း(၁၄)
#တွယ်နှောင်ရစ်ငင်
11010516
"မိလုံးရေ....ငါ ရုံးကို သွားဦးမယ်...နင် တံခါးပိတ်ပြီး အပြင်က စောင့်နေနော်.."
"အမ်း..."
အလုံး စက္ကူတွေကို ဘုံးတွေထဲ စီထည့်ပေးရသည့် အလုပ်တွေကို လုပ်ပေးရသည်။
မနက်စာ ထမင်းလည်း ကျွေးသလို မုန့်ဖိုးငါးရာလည်း ရတာကြောင့်အဆင်ပြေသည်။
ပထမ ရက်ပိုင်းတုန်းက အလုံး အလုပ်လာရင် သားကို ထားခဲ့ပါသေးသည်။
သား က တစ်နေ့ကုန် ငိုပြီး မေကြီးကလည်း စိတ်မရှည်တော့ သားကို စိတ်မချဖြစ်သည်။
နောက်ပိုင်းရက်တွေမှာ တော့ သားကို ငြိမ်ငြိမ်နေဖို့မှာပြီး ခေါ်ခဲ့မိသည်။
"မေ့...အင့်..."
"သားက လိမ်မာလိုက်တာ....အူးမွား.."
"ဟီး.."
သား က ရယ်ပြီး စက္ကူတွေကို ဘုံးထဲ လာထည့်ပေးတော့ အလုံး ကို ကူညီပေးတဲ့ သားကြောင့် ပျော်ပါသည်။
အိမ်အကြီးကြီးကို မနေဖူးသည့် သားက ဦးစိုးမြင့်အိမ်ကို ရောက်တာနဲ့ လှေကားကို အတက်အဆင်း လုပ်ကာ ဆော့သည်။
အိမ်ရှေ့က ဒန်းပေါ်မှာလည်း အကြာကြီး ဆော့တက်သည်။
အလုံးကလည်း မျက်စိရှေ့မှာ သားရှိနေတော့ အလုပ်လုပ်ရတာ စိတ်ဖြောင့််သလို သားကလည်း ဆော့ချင်သလို ဆော့ရတာ မို့ အဆင်ပြေနေသည်။
"ဟာ...ဒီလုပ်အားပေးလေး က သေးသေးလေးပါလားဟ..."
"ဟင်.."
အလုံး ကျောပေးပြီး စက္ကူတွေ ထည့်နေတာမို့ ဦးစိုးမြင့် အသံကြားပြီး တုန်သွားသည်။
သားကလည်း စက္ကူ ကိုင်ထားရင်း မျက်လုံးပြူးကာ မော့ကြည့်နေသည်။
အလုံး ကပျာကယာ မတ်တတ်ရပ်လိုက်ကာ ဘာပြောရမှန်း မသိလို့ စိတ်ပူလာသည်။
သူ့ခြံထဲ ကလေး ခေါ်လာတာ မကြိုက်ရင်တော့ ဒုက္ခပါပဲ..။
"အစ်ကို့ကို စားပွဲပေါ်က အိတ်ယူခဲ့ပေးပါလား..."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...