တွယ်နှောင်ရစ်ငင်
အပိုင်း(၄)
#တွယ်နှောင်ရစ်င်
10270541
"သမီး...ခဏနေဦး...သမီး.."
အလုံး လွယ်အိတ်ကို မ ပြီး မရပ်မနား ပြေးသည်။
ဒေါ်မိတုတ် တို့ အိမ်ရှေ့ကဖြတ်ရပေမယ့် အလုံး အမြဲပြေးသည်။
"မပြေးနဲ့..ဖေကြီး မလိုက်တော့ဘူး....မပြေးနဲ့ ချော်လဲမယ်..."
ဖေကြီး က လှမ်းအော်ပေမဲ့ အလုံး မရပ်ပဲ ပြေးရင်း ချော်လဲတော့သည်။
"ဟာ....သမီး..."
အလုံး ဒူးခေါင်းမှာ သွေးတွေ ထွက်လာပေမဲ့ ကုန်းထပြီး ပြေးသည်။
"......"
အလုံး ကျောင်းခန်းထဲကို ရောက်တော့မှ ပါးစပ်ဟပြီး အသက်ရှုရသည်။
ဆရာမ မရောက်သေးလို့ စာအုပ်ကို စားပွဲပေါ် တင်လိုက်သည်။
ဖေကြီး ငိုနေပြီလား..။
အလုံး ကြားလိုက်ရတဲ့ ဖေကြီး အသံကို သတိရတော့ ကျောင်း နောက် တံခါးကို သွားလိုက်သည်။
မြောင်းဘေး တစ်လျှောက် ပြန်လာပြီး ဒေါ်မိတုတ် အိမ်နားက အပင်နားမှာ ရပ်လိုက်သည်။
"ဘာလဲ ...သမီးရဲ့...ဟင်...အိုး....ဟား..ဟား...ချစ်စရာကြီးကွာ..."
".........."
ဖေကြီး လိမ်တယ်..။
ယုယ ကို ချီပြီး ဖေကြီး က နမ်းနေသည်။
အလုံးကိုဖေကြီး ချီပြီး နမ်းတာကို သတိရတော့ မျက်ရည်ဝဲလာသည်။
အလုံး ငယ်ငယ်တုန်းကလည်း ဖေကြီး က အဲလို ချီမြှောက်သည်။
အဲလိုပဲ နမ်းပေးသည်။
ခုတော့ အလုံးကို မချစ်တော့ဘူး...။
အလုံး မျက်ရည်တွေကို လက်နဲ့ ပွတ်ဆွဲ သုတ်လိုက်ပြီး မြောင်းဘေးကနေ ကပ်လျှောက်ပြီး ကျောင်းကို ပြန်ခဲ့သည်။
အခန်းထဲ ရောက်တော့ အိရွှေစင် နဲ့ စိုးကျော်အောင် က အတူတူ ဆော့နေကြသည်။
"......."
"ဟာ..."
"အား..."
အလုံး အနားကို ရောက်သွားကာ စိုးကျော်အောင် ကို လည်ပင်း ညစ်ထားလိုက်သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...