တွယ်နှောင်ရစ်ငင်
အပိုင်း(၃၁)
#တွယ်နှောင်ရစ်ငင်
11151035
"အင်း..ဆန်ဒေး မအားဘူးကွ ငါ ရေပြန်ကူးနေတာ...အောင်မယ်....သေလေ...ငါ့ကိုတွေ့ရင် မင်းမှတ်မိမှာတောင် မဟုတ်ဘူး...ဂျင်တွေဆော့လို့ဝိတ်တွေချတာ ငါ ပုံတုံးကြီး မဟုတ်တော့ဘူး..ဟား..ဟား...အေးပါ...အေးပါ....တွေ့မယ်...."
ငြိမ်းချမ်း ရယ်ပြီး ဖုန်းချလိုက်ကာ ဖုန်းက နာရီကို တစ်ချက် ၀င်ကြည့်လိုက်သည်။
တစ်ပတ်ကို နှစ်ရက်ရေပြန်ကူးပြီး ဂျင်လည်းနေ့တိုင်း ဆော့နေတာတောင် ကိုယ်ခန္ဓာကြီးက အရင်လို ပြန်ဖြစ်မလာသေးတော့ နှာခေါင်းရှုံ့မိသည်။
"မစ္စတာချမ်း.."
"ဘာလဲဟ..."
"ယူ့ကို ခုတလော ကြည့်ရတာ ပျော်နေသလိုပဲနော်..."
သူငယ်ချင်းမို့လို့ သူ့ ဆေးခန်းလေးမှာ အချိန်ပေးပြီး လုပ်အားပေး အနေနဲ့ ထိုင်ပေးနေတာကို စေတနာပျက်အောင် လာလုပ်ပြန်ပြီ..။
ငြိမ်းချမ်း ဘောပင်လှည့်ရင်း ဒီနေ့ လူနာမှတ်တမ်း စာရွက်တွေကို ကြည့်နေလိုက်သည်။
"အိုင် သိသင့်တယ် မထင်ဘူးလား မစ္စတာချမ်း..."
"ဘာဖြစ်နေတာလဲ...သူဇာရာ..."
"ငါ က မေးရမှာလေ...နင် ဘာဖြစ်နေတာလဲ....ဟိုလတုန်းကပဲ မူးလိုက်တာ ခဏခဏ...မထင်ရဘူးနော်....အခုတလော တက်ကြွ လန်းဆန်းနေတာ မသိရင်အချိုရည် ကြော်ငြာ ရိုက်နေသလားပဲ.."
"ငါ ဆေးခန်းထိုင်ချိန် ဘယ်တုန်းကများ ငိုနေဖူးလို့လဲ..."
"အဲဒါ ပြောတာ မဟုတ်ဘူးလေ....နင် ပျော်စရာ တစ်ခုခု ရှိတယ်...ငယ်ငယ်တုန်းကကွာ အိမ်စာပြီးရင် သူငယ်ချင်းနဲ့ ဆော့ရမယ်...ဒါမှမဟုတ် သူငယ်ချင်းဆီ အလည်သွားရမယ်ဆိုရင် ဖြစ်တဲ့ခံစားချက်မျိုးပဲ..."
သူဇာက ငြိမ်းချမ်း မျက်နှာကို သေချာကြည့်ရင်း ပြောတော့ ရယ်ချင်သွားသည်။
"အေး..ဟုတ်တယ်...ရပြီလား.."
"ဘာလဲ...ဘယ်သူလဲ.. အရက်သမားက ဂျင်ဆော့ ဝိတ်ချပြီး ဘော်ဒီထိန်းရလောက်အောင် ဒီကောင်မလေးက ဘယ်သူလေးလဲ...နင့်အတွက်တော့ တော်တော် အရေးပါတယ်မလား... အရင်ကောင်မလေးတွေလို မဟုတ်တာ သေချာတယ်....."
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...