Part 13

5.1K 238 10
                                    


တွယ်နှောင်ရစ်ငင်

အပိုင်း(၁၃)

#တွယ်နှောင်ရစ်ငင်

11011221

"အီး..."

"သားရယ်....မေ...ရှိတယ်နော်...."

"..........."

"အီး...ဟီး..."

သားက ကိုယ်လေး တုန်ပြီး ညည်းနေတော့ အလုံး ပွေ့ဖက်ထားမိသည်။

မေကြီးလည်း မရှိေတော့ ဘာတွေ လုပ်ရမလဲ မသိ.။

သားအနားက ထလို့လည်း မရတော့ ဘေးအိမ်က အဒေါ်ကြီးကိုလည်း သွားခေါ်ဖို့ မလွယ်..။

ပုံမှန်လိုပဲ ဖျားတယ်ဆိုပြီး ဆေးမှုန့်တွေ တိုက်ထားသေးသည်။

ဆေးတိုက်ပြီးမှ တုန်နေတော့ အလုံးလည်း ဘာမှ မလုပ်တက်လို့ ငိုသာ နေမိသည်။

"မေ့သားလေး....နာလို့လား သားလေး...ဘယ်နားက နာတာလဲဟင်.."

".........."

"ဟင့်...သားက စကားလည်း မပြောတော့ မေ့ ဘယ်လို လုပ်ရမလဲ သားရဲ့...ဟီး.."

အလုံး အကျီ ၤကို ဆုပ်ကိုင်ပြီး တုန်နေရင်း မျက်လုံးက တစ်ချက်စီဖြူသွားသေးသည်။

ခြေလက်ကလေးတွေ ကွေးသွားတော့ အလုံး ပိုက်လိုက်သည်။

"သားလေး...အိပ်ချင်လို့လား...သားလေး....အိပ်မလို့လား...မေ သိပ်မယ်နော်..."

".........."

သား ရဲ့ တင်ပါးကို ပုတ်သိပ်တော့ မငိုတော့ပဲ တုန်နေသည်။

အလုံး ထိုင်နေရင် မအိပ်မှာစိုးလို့ ချီပြီး လျှောက်ရင်း အိမ်အောက်ကို ဆင်းလာခဲ့သည်။

ဟိုဘက်က ဒေါ်ကြီး ကိုတွေ့လိုက်တော့ ဝမ်းသာ သွားသည်။

"ဒေါ်ကြီး...ဒေါ်ကြီး...အလုံး သားလေး ဖျားလို့ ဘာလုပ်ရမလဲဟင်.."

"နင့်အမေ ပြန်မလာသေးဘူးလား.."

"ဟုတ်..."

ဒေါ်ကြီး က ထဘီ ပြင်ဝတ်ပြီး အလုံးတို့ အိမ်နားကို ရောက်တော့ သူ့အနားကို အမြန် သွားသည်။

"ဟဲ့...အမလေး...ကလေး က တက်နေတာဟဲ့...ချ..ချစမ်း..."

အလုံး လက်ထဲက သားကိုဆွဲပြီး မြေကြီးမှာ ချကာ ခြေချောင်းတွေကို ဆုပ်ကာ ကိုယ်ကို စောင်းလိုက်တော့ အလုံး ကြောင်တောင်တောင်ဖြစ်နေသည်။

တွယ်နှောင်ရစ်ငင်Where stories live. Discover now