50

13.3K 1.4K 77
                                    


အခြားလုပ်ငန်းရှင်တွေနဲ့ စကားပြောပြီးသွားတော့မှ ရိပေါ်သန့်စင်ခန်းခဏသွားပြီးဖုန်းကိုဖွင့်ကာ သူ့ရဲ့ကျန့်ကော
ကို အသိပေးဖို့ဖုန်းဆက်လိုက်တယ်။

အလုပ်များနေတာကြောင့်ရော၊surpriseလုပ်ချင်တာ
ကြောင့်ရောဖုန်းမဆက်ဖြစ်တာရက်အနည်းငယ်ကြာခဲ့ပြီလေ။ ပါးပြောပြထားတဲ့ အပန်းဖြေစခန်းပရောဂျက်ပြီးရင် CEO နေရာလွှဲပေးပြီး ပြန်လို့ရပြီဆိုတာကို ရိပေါ်လျို့ဝှက်
ထားခဲ့ခြင်းပင်။

ဖုန်းကတော့ဝင်သွားပေမယ့်. မကိုင်ခဲ့ဘူး။ သူကြားချင်တဲ့အသံချိုချိုလေးကိုအမောပြေမကြားခဲ့ရဘူး။

"အခုချိန်ဆို ကောဆီမှာမနက်ပိုင်းမဟုတ်ဘူးလား
ကြည့်ရတာ..အိပ်ပျော်နေတယ်ထင်ပါတယ်။ "

ရိပေါ်ဖုန်းကိုပိတ်ကာ သူ့အိတ်ထောင်ထဲပြန်ထည့်ထားပြီး
သန့်စင်ခန်းထဲကနေထွက်လာတယ်။စိတ်ထဲလေးနေပေမယ့်
ထွေထွေထူးထူးတွေးမနေပဲဒီပွဲလေးပြီးဖို့ကိုသာစောင့်ဆိုင်းနေ
သည်။
.
.
.
.
ကုတင်အောက်ကြမ်းပြင်မှာထိုင်ချပြီး မြည်နေတဲ့ဖုန်းလေး
ကို မမှိတ်မသုန်ကြည့်နေသည်။ ကိုင်ရမလား မကိုင်ရဘူး
လာဆိုပြီး ရှောင်းကျန့်တွေဝေနေသည်။ဖုန်းကိုင်ပြီး ဘာပြောရမှာလဲ။

အဲ့မိန်းကလေးနဲ့မင်းနဲ့ဘာတွေလဲလို့ စမေးလိုက်လို့
ရိပေါ်က စိတ်ဆိုးသွားရင်ရော။ သူ့ကိုစိတ်ကုန်သွားရင်ရော
ဘယ်လိုလုပ်မလဲ။ ငူငိုင်နေရာကနေ ဖုန်းလေးကို ရှောင်းကျန့်ကောက်ကိုင်လိုက်တယ်။

အဲ့ဒီအချိန်မှာပဲ ဖုန်းကျသွားတော့ ရိပေါ်နောက်တစ်ခါခေါ်
ဖို့ကိုသာ ရှောင်းကျန့်စောင့်စားနေသည်။ ဖုန်းတစ်ခါလေးသာ
ခေါ်ပြီးနောက်ထပ်လုံးဝထပ်မခေါ်တော့တဲ့ရိပေါ်ကရှောင်းကျန့်အတွက်အရမ်းထူးဆန်းနေတယ်။

"ဘာလို့ပြန်မခေါ်တာလဲ ရိပေါ်
ဘာလို့လဲ.. ငါကရောဘာလို့ကြောက်နေတာလဲ."

"အဆင်ပြေမှာပါ.. ရိပေါ်ကိုယုံရအောင်.
ငါကရိပေါ်ကိုချစ်တာပဲ၊ ရိပေါ်ကရော."

ရှောင်းကျန့်ခဏလောက်တွေးတောပြီးမှ တိုးတိုးလေးပြော
ထွက်လာတယ်

𝚆 𝙷 𝚈 ?Where stories live. Discover now