33

17.2K 1.8K 101
                                    

မနက်၆နာရီပေးထားတဲ့ Alam ကထမြည်တော့ ရိပေါ်
အရင်ဆုံးအိပ်ရာက နိုးသွားသည်။ကုတင်ပေါ်က ရှောင်းကျန့်
က အိပ်ပျော်နေသေးတော့ ရိပေါ် အမြန်ထပြီး alamကို
ပိတ်ပစ်လိုက်သည်။

နှစ်နှစ်ခြိုက်ခြိုက် အိမ်ပျော်နေတဲ့ ရှောင်းကျန့် ဘေးတွင်
ရိပေါ် ဖြေးဖြေးချင်းထိုင်သည်။လက်ကိုရှောင်းကျန့် ၏ ခေါင်းအုံးနားမှာထောက်လျှက်ဖြင့် မျက်နှာလှလှလေးကို ငုံ့မိုးကြည့်

သည်။ ဆံပင်တွေကို လည်း ခပ်ဖွဖွကိုင်ကြည့်ပြီးနောက်
ရိပေါ် ပြုံးရင်း မျက်တောင်မခတ်ငေးမောမိနေပြန်တယ်။

" ကျန့်ကောက အရမ်းချစ်ဖို့ကောင်းတယ်
ကျွန်တော် ကျန့်ကောကို ချစ်ပါတယ်နော် "

ခပ်တိုးတိုးစကားကို ပြောပြီးနောက်..ရိပေါ် မျက်နှာက
အောက်သို့ ငုံ့ဆင်းလာကာ ရှောင်းကျန့်၏ ပါးတစ်ဖက်ကို
အနမ်းတစ်ပွင့်ပေးလိုက်တယ်။ မွှေးနေတဲ့ ပါးပြင်လေးက
အရင်က နမ်းရှိုက်ဖူးသလိုပဲ မပြောင်းလဲသေးဘူး။ ကောရဲ့
ကျွန်တော့်အပေါ်ထားတဲ့ မေတ္တာတွေလည်း ဒီအတိုင်းပဲနေ
မှာပါ။

ကိုယ်ကိုပြန်မတ်ပြီး.ရှောင်းကျန့်ကိုယ်ပေါ်.စောင်ကို သေချာ
ခြုံပေးလိုက်သည်။ရိပေါ် မျက်နှာသစ်ဖို့အရင်လုပ်ပြီး..အန်တီ
တို့ကို ကူညီပေးရဦးမည်လေ။ ဘ၀မှာ စောစောအိပ်ရာထတာ
မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့သမျှ ချစ်မိတော့လည်း ပြောင်း
လဲရတော့တာပဲ။

အခန်းတံခါးပိတ်သံကြားတာနဲ့ အိပ်ပျော်နေဟန်ရှိသည့်
ရှောင်းကျန့်၏ မျက်ဝန်းတွေက အရောင်တလဲ့လဲ့နှင့် ပွင့်လာတယ်။ တံခါးဆီကို ခပ်ဆွေးဆွေးမျက်ဝန်းဖြင့် ကြည့်
နေပြီး ...အခုထိ နွေးနေသေးတဲ့ ပါးပြင်ပေါ် လက်တင်ထား
လိုက်သည်။

Alam သံကြားတည်းက ရှောင်းကျန့် အိပ်ရာက နိုးနေခဲ့
ပြီးသားဖြစ်ပေမယ့် ၀မ်ရိပေါ် ကြောင့် အိပ်ချင်ယောင်ဆောင်
နေခဲ့ရတယ်။ သူ့နားမှာ ပြောသွားတဲ့စကားတွေကအစ
သူ့ပါးကို နမ်းသွားသည်အဆုံး အကုန်သိနေခဲ့တယ်။

တံခါးကို ကျောပေးကာ စောင်ကို ခေါင်းအထိခြုံရင်း
ရှောင်းကျန့် ငြိမ်သက်စွာနေနေပေမယ့် စောင်ပုံထဲက ကိုယ်က
တော့ ဘာကြောင့်ရယ်မသိ လှုပ်နေသေးသည်။အထူးသဖြင့်
ပုခုံးစွန်းတွေပေါ့။

𝚆 𝙷 𝚈 ?Where stories live. Discover now