14

19.7K 1.8K 65
                                    

ကတိပေးထားသလိုပင် နောက်တစ်နေ့တွင်တော့ ရိပေါ်က
ယွင်ရှန်း ရဲ့ ဆိုင်မှာ အခမဲ့အလုပ်သမားတစ်ယောက်လုပ်ဖို့
ရောက်နေခဲ့ရပြီ။ ရောက်ရောက်ချင်းတော့ ဒီအတိုင်းပေမယ့်
အလုပ်လုပ်ရခါနီးတွင် ရိပေါ် မျက်နှာက တည်နေရုံတင်မက
ဆူပုတ်နေသည်။

ယွင်ရှန်း ကသူ့ရှေ့တွင်Apron ပန်းရောင်လေး ဝတ်ပြီး
မျက်နှာဆူပုတ်ပုတ်ဖြစ်နေတဲ့.ရိပေါ်ကို ခေါင်းအစခြေအဆုံး
ကြည့်နေသည်။ ထိန်းချုပ်ထားရာကနေ ရယ်ချင်စိတ်ကို
မထိန်းနိုင်တော့ပဲ အူလှိုက်သည်းလှိုက်အော်ရယ်မိတော့
ရိပေါ်က စိတ်ဆိုးသွားသည်။ အဲ့တာကမှ ပိုပြီးတောင် ရယ်စရာကောင်းနေသေးတယ်။

" ဟား. ဟား..ဟား....ရိပေါ်.. မင်းနဲ့ ပန်းရောင်နဲ့ တော်တော်လိုက်တာပဲ "

သူ့ကိုလက်ညိုးထိုးပြီး အသားကုန်အော်ရယ်နေတဲ့ ယွင်ရှန်း
ပါးစပ်ကိုလှမ်းပိတ်လိုက်သည်။

" တော်ရုံပဲရယ်၊ ငါနဂိုတည်းကလုပ်ချင်နေတာမဟုတ်ဘူး
ထပ်စနေမယ်ဆို ငါပြန်မယ်"

တကယ်စိတ်ဆိုးနေပြီဆိုတာကြောင့်ယွင်ရှန်းက သူ့ပါးစပ်ကို
ပိတ်ထားတဲ့ ရိပေါ်လက်ကိုကိုင်ကာဖယ်ပြီး ခေါင်းညိတ်လိုက်
သည်။

"အေးပါ..ငါမစတော့ဘူး အတည်ပြောမယ်။ မင်းက တကယ်ချစ်စရာလေး. "

" ချောင်ယွင်ရှန်း. "

ရိပေါ်ရဲ့ အသံကျယ်ကျယ်ကြောင့် ယွင်ရှန်း မှာမျက်လုံး
ကိုပိတ်ပြီး ကိုယ်ကို အနောက်သို့ ယို့ကာဖြင့် ..ရှောင်သည်။

" နောက်တာပါ..မင်းကလည်း ဒေါသကြီးပဲ"

" ရော့..ကောင်တာမထိုင်ခင်
ဒီကြက်သွန်လေးတွေကုန်အောင်ခွာခဲ့ပေး"

မလုပ်ဘူးလို့လည်း ပြန်မပြောနိုင်တဲ့ ရိပေါ်ခဗျာ စိတ်တိုတိုဖြင့် ယွင်ရှန်းပေးတဲ့ကြက်သွန်ဗန်းနဲ့ဓားကိုဆွဲယူပြီးမီးဖိုခန်းထဲကထွက်လာရတော့သည်။

အရှေ့ကိုထွက်လာပြီးဆိုင်ထဲမှာစားပွဲခုံအလွတ်တွေအများကြီးရှိတဲ့ထဲကမှ ရှောင်းကျန့်ထိုင်ပြီးအလုပ်လုပ်နေတဲ့စားပွဲရှေ့ ရိပေါ် ရပ်လိုက်သည်။ ကြက်သွန်ဗန်းကို အသံမြည်အောင်
တင်ပြီး ခပ်တည်တည်ဝင်ထိုင်လိုက်၏။ရှောင်းကျန့်ကိုမကြည့်
သလိုနဲ့ ကြက်သွန်တစ်လုံးယူကာချောင်းဟမ့်ရင်းစကားစ
သည်။

𝚆 𝙷 𝚈 ?Where stories live. Discover now