ရိပေါ် လက်ကို ဆုပ်ကိုင်ထားရင်း တစ်လှမ်းချင်းအိမ်ထဲ
ဝင်လာချိန်တွင် ဧည့်ခန်းတွင်ထိုင်နေသည်က ညီမလေးတစ်
ယောက်တည်းသာရှိသည်။ မား ကိုကြောက်ကြောက်လန့်လန့်
နှင့် ရှောင်းကျန့် မျက်လုံးဝေ့၍ ရှာဖွေကြည့်ရင်း မတွေ့သည့်
အခါ။"အန်ရီ..မားရော.."
လက်ဟန်ဖြင့်သာ မား အထဲမှာ ချက်ပြုတ်နေကြောင်း
အန်ရီကပြောပြနေသည်။ရှောင်းကျန့်က သူ့ပုခုံးကိုဖက်လာ
သည့်ရိပေါ်နှင့် မျက်နှာချင်းဆိုင်၍ အရင်ဆုံးသူပဲ မားနဲ့ စကား
ပြောရမည်ဖြစ်ကြောင်းပြောပြီး အိမ်ရှေ့ဧည့်ခန်းတွင်သာ
စောင့်နေခဲ့ခိုင်းလိုက်သည်။"ကျန့်ကော...ချစ်တယ်.. fighting"
အန်ရီ ရှေ့မှာ ချစ်တယ်လို့ ပေါတင်ပြောသည့် ရိပေါ်ကို လှမ်း
ရိုက်ပြီး တိတ်ဖို့ပြောတော့..ဆိုးလွန်းတဲ့ ထိုကောင်လေးက
လက်ကိုအသည်းပုံစံဖြင့် ပြပြန်သည်။ ဒီတစ်ခါတော့ ရှောင်းကျန့်ပါ ပြုံးရယ်လာပြီး ရိပေါ် နည်းတူ အသည်းပုံစံ
ကိုမြန်မြန်ပြလိုက်၏။ ပြီးတာနဲ့ မီးဖိုခန်းဆီသို့ ခပ်သွက်သွက်
လျှောက်သွားလိုက်ပါတော့သည်။ခြေသံတို့က မီးဖို့ခန်းထဲတွင် ချက်ပြုတ်နေတဲ့ မားကိုမြင်တာ
နဲ့ တိုးသထက်ထိုးသွားသည်။ မားဆီကနေ ထွက်ပြေးခဲ့မိတဲ့
သူ့မှာ အပြစ်ရှိနေတော့ ရှောင်းကျန့်အနေနဲ့ မျက်နှာပြဖို့ခဲလှ
သည်။ အသက်အရွယ်အားဖြင့်လည်း ကြီးနေပြီဖြစ်ရဲ့နဲ့
ညီမလေးလောက်တောင် မရင့်ကျက်သေးတဲ့ သူ့ကိုယ်သူ
အပြစ်တင်လျှက်...မားရဲ့ အနားသို့သွားသည်။ခါးကိုကိုင်း၍ မားရဲ့ ပုခုံးထက် မေးတင်ကာ ဖက်ထားလိုက်ပြီး
ရှောင်းကျန့် စတင် ချွဲပါတော့သည်။" မား...ကျွန်တော် ရောက်ပြီလေ"
"ကျွန်တော့်ကို ရိုက်ဦးမလားဟင်
မားစိတ်မဆိုးပါနဲ့တော့..ကျန့်ကျန့် အရိုက်ခံပါ့မယ်
မား....မား...... "ရင်းမေ့က သူ့ကို နောက်ကနေ ဖက်ထားတဲ့ သားကို တံတောင်နဲ့ ခပ်ဖွဖွတွန်းထုတ်ရုံသာလုပ်ပြီး လှည့်မကြည့်ဘဲ
ပြောလိုက်သည်။
YOU ARE READING
𝚆 𝙷 𝚈 ?
Fanfiction𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?