1

89.6K 2.5K 79
                                    

"ကိုယ်ပူကျဆေး.. ကောင်းတာလေးပေးပါ"

နေ့တစ်ဝက်နှင့်..အိမ်အပြန်လမ်းတွင်.. နီးရာ mini marketဆီမှခေါင်းကိုက်ပျောက်ဆေးနှင့်.ကိုယ်ပူကျဆေးတို့ဝင်ဝယ်ပြီး.ပြန်ထွက်လာသည့်ရှောင်းကျန့်က.လမ်းမထက်က taxi တစ်စီး ကိုပါ တားလိုက်သည်။

ကားထဲဝင်ထိုင်လိုက်ပြီး မကြာခင်မှာ ဖုန်းသံမြည်လာတာမို့
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကြည့်သည်။ ယွင်ရှန်း
ဆီကဆိုတာသိတာနဲ့ ခပ်မြန်မြန် ကိုင်၏။

"အင်း..ယွင်ရှန်း..ပြော"

"ကိုယ်က.. အခုပဲ ဆေးတွေဝယ်ပြီး အိမ်ပြန်ဖို့လုပ်နေပြီ
ယွင်ရှန်းဆိုင်မှာ တစ်ယောက်တည်းအဆင်ပြေရဲ့လား"

ဆိုင်မှာလူသိပ်မရှိလို့ ထိုင်နေရတယ်ဆိုပြီး ယွင်ရှန်းရဲ့ရယ်သံ
နှောသည့် စကားကြောင့်..ရှောင်းကျန့်ပါ လိုက်ပြုံးမိသည်။
ဆက်ပြီး ယွင်ရှန်းပြောလာသည့် စကားကို နားထောင်အပြီးမှာ
ရှောင်းကျန့် ဆက်မပြုံးနိုင်ဖြစ်သွားသည်။

" ၀မ်ရိပေါ်.. "

" သိတာပေါ့..ယွင်ရှန်းအတွက် အရေးပါဆုံးလူလေ
စိတ်ချပါ..ကိုယ်တို့ ဟန်ဆောင်ထားတယ်ဆိုတာ မရိပ်မိစေရပါဘူး "

ယွင်ရှန်းနဲ့ အတူတူ လေဆိပ်အထိ သွားကြိုခဲ့ရတဲ့ ၀မ်ရိပေါ်
ဆိုတဲ့လူက.. အခု သူတို့အိမ်မှာ လာနေမယ်ဆိုတဲ့ စကားက
ရှောင်းကျန့်အတွက်စိတ်မသက်သာစရာနည်းနည်းတော့
ကောင်းတယ်။ဘာလို့လဲဆိုရင် အဲ့ဒီ့နေ့က.. ၀မ်ရိပေါ် ဆိုတဲ့လူ၊ သူ့ကို ကြည့်တဲ့မျက်လုံးတွေကြောင့်ပဲ။

ယွင်ရှန်းရဲ့ဘေးမှာ ရှိနေတဲ့ သူ့ကို အရင်တည်းက ရန်ငြိုးရှိပြီး မကျေနပ်သလို ၊ မကြည်သလိုကြည့်နေခဲ့တယ်။ ဒါကတစ်မျိုးပြောင်းစဉ်းစားရရင် ယွင်ရှန်းအတွက် ကောင်း
တာတွေဖြစ်လောက်တယ်။ ဥပမာ..သ၀န်တိုတာမျိုးပေါ့....။

တကယ်သ၀န်တိုပြီး.. ယွင်ရှန်းအပေါ် ၀မ်ရိပေါ် ဘယ်လိုစိတ်
ရှိလဲ သိရလို့ကတော့ သူတို့ရဲ့..ဟန်ဆောင်ဇာတ်လမ်းကို ရပ်
လိုက်ရုံပဲ။ အဲ့လိုနေ့မြန်မြန်ရောက်လာပါစေ လို့ ရှောင်းကျန့်
ဆုတောင်းမိတယ်။ယွင်ရှန်းရဲ့နှစ်ရှည်ကြာတိတ်တိတ်ကလေး
ချစ်လာတဲ့ အချစ်တွေ အကောင်ထည်ပေါ်သင့်ပြီမဟုတ်လား။

𝚆 𝙷 𝚈 ?Where stories live. Discover now