အန်ရီတစ်ယောက်ဖုန်းကို နားနားကပ်ပြီး ခဏကြောင်နေရင်း
ကနေသတိဝင်လာမှ အော်ဟစ်မိလေသည်။ အခုသူကြား
လိုက်တာ တကယ်ရောဟုတ်ရဲ့လား။" မား..အမြန်ထွက်လာပါဦး သတင်းထူး..သတင်းထူး "
"မြန်မြန်လာပါ.."
သူ့သမီးရဲ့အော်သံကြောင့် အလုပ်များနေသည့်ကြားကမေ ရင်းမေ့ မှာ မီးဖိုခန်းထဲကနေထွက်လာပြီး.ပြန်မေးရသည်။
"အန်ရီ.ဘာဖြစ်လို့ ဒီလောက်အော်နေတာလဲ
မိန်းမပျိုလေးတန်မဲ့ "အရမ်းပြောပြချင်နေတဲ့ အန်ရီက မနေနိုင်မထိုင်နိုင်ဖြင့်
သူ့အမေရဲ့ လက်ကိုပြေးဆွဲပြီး ထိုင်ခိုင်းသည်။" သတင်းထူး.ထူးတာမှ အကြီးကြီးပဲ ယမားရဲ့. "
ရင်းမေ့လည်းသိချင်နေပြီဖြစ်တာကြောင့်သမီးဖြစ်သူပြောလာမယ့်စကားကိုစောင့်ဆိုင်းနေတယ်။ အန်ရီ က သူ့ရှေ့မှာ
ဝင်ထိုင်ပြီး ဖုန်းကိုဖွင့်ပြနေသည်။ ပြသည်ကလည်း ရှောင်းကျန့်ရဲ့ ဖုန်းနံပါတ်ဆိုတော့..ဘာကိုဆိုလိုမှန်းမသိချေ။" ဒီမှာကြည့်..သမီးလေအခုလေးတင်ကိုကို့ဆီကို
ဖုန်းဆက်လိုက်တာ.. "ဘာမှမထူးခြားတာကို အဆန်းလုပ်နေတဲ့သမီးတစ်ကောင်နဲ့
တော့ စိတ်ညစ်တာပါပဲ။"အဲ့တာထူးဆန်းလား..အန်ရီရယ်
မားဒီနေ့မုန့်order တွေနဲ့အလုပ်ရူပ်နေတာကို""မားကလည်း. သမီးပြောပြတာကိုဆုံးအောင်နားထောင်ပါဦး။
သမီးဖုန်းဆက်တော့..ကိုကိုကိုင်တာမဟုတ်ဘူး နောက်လူတစ်ယောက်ကိုင်တာ . "ရင်းမေ.သူ့သမီးပြောနေတာကိုကြည့်ပြီး. ခေါင်းကိုတောင်
ပြေးခေါက်ပစ်လိုက်ချင်နေပြီ။"သားကြီးမဟုတ်ရင်. လူလေးယွင်ရှန်းဖြစ်မှာပေါ့
နင်ဟာလေ.. ""မားကလည်းစကားဆုံးအောင်နားမထောင်ပြန်ဘူး။ကိုကိုယွင်ရှန်းဆို. သမီးသိတာပေါ့..အခုလူက.. အသံဩရှရှ..နဲ့။ အဲ့လိုအသံကို ကိုကို့ဆီဆက်တိုင်းတစ်ခါ
မှမကြားဖူးဘူး..ဒီနေ့မှ.. ပထမဆုံး။"" အေး.. အဲ့တော့ဘာဖြစ်လဲ.. "
"အဲ့တာကိုသမီးက..ကိုကို့ဖုန်းကိုဘယ်သူမို့လို့ကိုင်နေတာလဲလို့မေးတာကို ဘာပြန်ပြောတယ်ထင်လဲ'

YOU ARE READING
𝚆 𝙷 𝚈 ?
Фанфик𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?