22

20.5K 2.1K 193
                                    

ထွက်သွားပြီဖြစ်တဲ့ အကိုကျန့်အနောက်ကို ယွင်ရှန်း ငိုနေရင်းကနေ လိုက်သွားဖို့လုပ်တော့ရိပေါ်က သူ့လက်
ကိုလှမ်းဆွဲထားသည်။

အခုချက်ချင်း အကိုကျန့်အနောက်လိုက်သွားပြီး ဒူးထောက်
တောင်းပန်ရင်တောင် ရမှာမဟုတ်တဲ့အခြေနေမှာ ရိပေါ်က သူ့ကိုဆွဲထားပြီး ဘာတွေကြောင်နေမှန်းမသိဘူး။

"ရိပေါ်.မင်းဘာဖြစ်ချင်နေတာလဲ
ငါ့ကိုလွှတ်..အကိုကျန့်ကိုအခုမင်းနဲ့
ငါတောင်းပန်မှဖြစ်မယ် "

"ခဏဖြစ်ဖြစ်လွတ်ထားပေးလိုက်ပါ။အခုချိန်မှာတော့ သူငါ့ကိုမြင်ချင်မှာမဟုတ်ဘူး ၊မင်းရော ငါ့ကိုပါမြင်ရင် စိတ်ပင်ပန်းနေလိမ့်မယ်"

"မင်းသဘောပဲ.ငါကတော့ လိုက်သွားမှာ"

ယွင်ရှန်းပြောရင်းပင်ရိပေါ်ရဲ့လက်ကိုဖြုတ်ချကာအပြေးထွက်
သွားသည်။ အိမ်ထဲကနေ ပြေးထွက်သွားပြီး.လိုက်ရှာပေမယ့်
အချိန်ခဏလေးအတွင်းမှာ.အရိပ်လေးတောင်မမြင်ရတော့
တဲ့ အကိုကျန့်ကို. ယွင်ရှန်း.အော်ခေါ်မိသည်။

" အကိုကျန့်. အကို..ကျွန်တော်မှားပါတယ် အကို "

လမ်းကနေဖြတ်သွားတဲ့လူတွေက သူ့ကို ကြည့်နေကြပေမဲ့
ဂရုမစိုက်နိုင်ပဲ. အော်ခေါ်၍ ပြေးလွှားရှာမိသည်။

ဘယ်ဘက်ကိုပြေးသွားမှန်း မသိတဲ့အတွက်ကြာလေ
ခြေထောက်တွေကို ဘယ်ဆီလှမ်းရမှန်းမသိတော့တာကြောင့်
ယွင်ရှန်း ဆက်မသွားတော့ပဲ လမ်းမှာတင် ထိုင်ချမိသည်။

တစ်ခုသတိရပြီး စိတ်အေးသွားတာ ကအကိုကျန့် အပြီးတော့
ထွက်မသွားလောက်သေးဘူးဆိုတာပဲ။ဘာပစ္စည်းမှပါသွားတာ
မဟုတ်တော့ ပြန်လာဦးမှာပါလို့ တွေးပြီး

"အကိုကျန့် ပြန်လာတဲ့အခါတော့ အကိုကျေနပ်တဲ့အထိ ကျွန်တော် တောင်းပန်ပါ့မယ်"

ပြန်လှည့်လာတဲ့ လမ်းတစ်လျှောက်လုံးလေးလံနေတဲ့
ခြေထောက်တွေက ရိပေါ်နဲ့ မျက်နှာချင်းမဆိုင်မိဖို့ သတိပေးနေသလိုပဲ။မှန်ရာ‌ ပြောရရင်သူတကယ်မပျော်ခဲ့ဘူး။

ရိပေါ်ဆီကနေချစ်တယ်ဆိုတဲ့စကားကြားရရင်.လောကမှာအပျော်ဆုံးလူကသူပဲဖြစ်လိမ့်မယ်လို့ တစ်ချိန်ကထင်ခဲ့တယ်။
တကယ်တမ်းကြားလိုက်ရတော့.ရိ‌ပေါ်ကသူ့ကိုလိမ်နေသလိုပဲ။အထူးသဖြင့် မျက်လုံးတွေ။ ရိပေါ်ရဲ့ အမြဲစူးရှနေတဲ့
မျက်ဝန်းတွေက ဒီစကားကိုပြောတဲ့အချိန်မှာသူနဲ့ မျက်လုံးချင်းမဆုံခဲ့ဘူး။

𝚆 𝙷 𝚈 ?Where stories live. Discover now