35

17.8K 1.8K 112
                                    

စက်ဘီးကို ခြံထဲတိုးတိုးသာသာ သွင်းပြီး နှစ်ယောက်သား
ခြေသံဖော့ဖော့ နင်းပြီးအိမ်ထဲဝင်လာကြတယ်။ ရှေ့ကနေ
သွားနေတဲ့ရှောင်းကျန့်ကလှည့်ကြည့်ပြီးနှုတ်ခမ်းပေါ်လက်ညိုး
တင်ကာအနောက်ကလိုက်လာတဲ့ရိပေါ်ကိုလှမ်းပြောလိုက်
သည်။

" ဖြေးဖြေးလျှောက်ဦး မားနိုးသွားမယ်..
ငါ.. မင်းအတွက်ထမင်းပြင်ပေးထားမယ်ရေမြန်မြန်
ချိုးပြီးထွက်ခဲ့."

ရိပေါ်ကလည်း ထိုနည်းတူ လေသံလေးဖြင့် ရှောင်းကျန့်
ကိုပြန်ပြောလိုက်သည်။

"ဟုတ်.. ကျွန်တော်မြန်မြန်ချိုးလိုက်မယ်"

သူတို့နှစ်ယောက်စလုံးတိုးတိုးသာသာဖြင့် တစ်ယောက်က
မီးဖိုခန်းထဲ တစ်ယောက်ကအိပ်ခန်းထဲဝင်သွားကြသည်။

မီးဖိုချောင်ထဲရောက်နေတဲ့ ရှောင်းကျန့် က မားချက်ထားတဲ့
ဟင်းတွေကိုမိုက်ခရိုဝေ့ထဲထည့်ကာနွှေးပြီးပန်းကန်ထဲထည့်၊စားပွဲပေါ်မှာပါအသင့်ပြင်၍ တင်ထားလိုက်သည်။
တူတစ်စုံ ဇွန်းတစ်ချောင်းကိုပါအဆင်သင့်ချပြီး ရေချိုးပြီး
ရောက်လာမယ့်ရိပေါ်အလာကိုစောင့်နေသည်။

ရိပေါ် ဝင်လာတာသိတော့ ရှောင်းကျန့်မော့ကြည့်ကာ
ကြာနေတာကိုပြဿနာရှာမလို့ပဲ။ ဖြစ်ချင်တော့ သူ့အင်္ကျီတွေ
ထဲကအရမ်းဟိုက်လို့မဝတ်ပဲ ချောင်ထိုးထားတဲ့တီရှပ်
အပါးလေးကိုမှဝတ်ချလာတဲ့ရိပေါ်ကြောင့်မျက်တောင်ခတ်ဖို့တောင်မေ့နေတဲ့အထိဖြစ်နေသည်။ မား က လည်း
အင်္ကျီတွေဝယ်ပေးထားရဲ့နဲ့ သူ့အင်္ကျီကိုပဲကောက်ကောက်
ဝတ်လာတာ ဘာအကျင့်မှန်းကို မသိဘူး။

ပြီးတော့ ဘာလို့..ဒီလောက်ချောနေရတာလဲမသိဘူး။
ဝမ်ရိပေါ်က သူ့မျက်လုံးထဲ.အရင်ကထက်ပိုကြည့်ကောင်းနေ
တာအမှန်ပဲ။

"ကျန့်ကော..ကျွန်တော်နည်းနည်းကြာသွားတယ်"

"အင်း.. အင်း.. ရတယ်
မြန်မြန်သာစား..ငါအိပ်ချင်ပြီ."

စားပွဲပေါ်မှာရှိနေတဲ့ ထမင်းက တစ်ယောက်စာလေး
ပဲရှိနေတော့ရိပေါ်ဝင်ထိုင်ရင်းမေးလိုက်သည်။

"ကျန့်ကောရော.. မစားဘူးလား.
ဘာမှမစားရသေးဘူးထင်တယ် "

" ငါလား. ညစာမစားတော့ဘူး.. ဒီလမှာငါတော်တော်ဝလာတယ်လို့မင်းမထင်ဘူးလား
အင်္ကျီတွေတောင်ကျပ်နေပြီ."

𝚆 𝙷 𝚈 ?Where stories live. Discover now