ဒုန်းခနဲအသံကြောင့်ရှောင်းကျန့်သူ့မျက်လုံးသူလက်ဖြင့်
ကာပြီး. အသားကုန်အော်ဟစ်မိလိုက်သည်။
ညဘက်ကြီး သရဲခြောက်တာများလားလို့တွေးမိတာနဲ့
မျက်လုံး ကိုသာ စုံမှိတ်ပြီး အသံထပ်မထွက်ရဲတော့ဘူး။ကားအနားကနေဘာအသံမှထပ်မကြားရတော့ပဲ
တိတ်ဆိတ်နေတော့မှလက်ကိုတစ်ဖြည်းဖြည်းအောက်ပြန်ချ
ပြီးမျက်လုံးဖွင့် ကြည့်လိုက်တယ်။ ကားရှေ့ဖုံးပေါ်မှာ
ရှိနေတဲ့သစ်ကိုင်းကြီးကိုတွေ့လိုက်ရတော့မှရှောင်းကျန့်
စိတ်ထဲက စိုးရိမ်မူနည်းနည်းလျော့သွားတယ်။"သစ်ကိုင်းကျိုးကျတာပါလား.
တော်ပါသေးတယ်. သရဲခြောက်တာမဟုတ်လို့"အသက်ကို ပုံမှန်အတိုင်းပြန်ရှုပြီးမှ သူ့ကားရှေ့ဖုံးပေါ်တွင်
ရှိနေတဲ့ သစ်ကိုင်းကို ပြန်ဖယ်ဖို့လုပ်ရတော့မည်။ ကားတံခါး
ကိုအသာလေးဖွင့်ပြီးရှောင်းကျန့်ဟိုဟိုဒီဒီကြည့်ကာအမြန်
ဆင်းသွားလိုက်တယ်။ ကားရှေ့ဖုံးပေါ်ကသစ်ကိုင်းခြောက်
ကြီးကို.ယူပြီး.ဘေးဘက်ကအပင်တွေကြားထဲပစ်လိုက်ဖို့လုပ်
သည့်အချိန်။အဲ့ဒ်ီအချိန်မှာသူ့ပုခုံးကိုလာကိုင်တဲ့တောင့်တောင့်တင်းတင်း
လက်တစ်ဖက်ကြောင့်. ရှောင်းကျန့်လန့်သွားတယ်။
ကြောက်ကြောက်နဲ့ပဲ အနောက်ကိုမကြည့်ပဲ လက်ထဲက
သစ်ကိုင်းနဲ့လွဲရိုက်လိုက်တော့သည်။"အ့.. "
ရှောင်းကျန့်ရိုက်သာရိုက်လိုက်တာမျက်လုံးတောင်မဖွင့်ရဲသေးဘူး။ အော်သံကိုကြားတော့သရဲမဟုတ်တာလားလို့တွေးပြီး
လက်ထဲက.သစ်ကိုင်းကြီးကိုကျစ်နေအောင်ကိုင်လျှက်မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကြည့်မိတဲ့အချိန်မှာ. ရှိနေတာက
သရဲလည်း မဟုတ်သလို.. လူစိမ်းလည်းမဟုတ်ဘူး။ သူမရမကရှောင်ကွင်းလာခဲ့ရတဲ့ဝမ်ရိပေါ်ဆိုတဲ့လူပဲဖြစ်နေ
တော့သည်။သရဲနဲ့တွေ့ရင်တောင်ဒီလောက်တုန်လှုပ်မိမယ်မထင်ဘူး။
ဝမ်ရိပေါ်က သူရိုက်လိုက်လို့နာသွားတဲ့ပုခုံးကိုဖိပြီး. မျက်လုံးစူးစူးတွေနဲ့ကြည့်နေတာကြောင့်ရှောင်းကျန့်
မျက်ခုံးတောင်လှုပ်နေပြီ။

YOU ARE READING
𝚆 𝙷 𝚈 ?
Fanfic𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?