28

20.3K 2K 145
                                    

အိမ်ပြန်ရောက်တာနဲ့စက်ဘီးကို အထဲသွင်းပြီး လေတစ်ချွန်ချွန်နှင့် ရှောင်းကျန့် က အိမ်ထဲဝင်လာသည်။ဖိနပ်ချွတ်နေရင်း လှမ်းကြည့်တော့ ဧည့်ခန်းမှာ ခေါက်တုံ့
ခေါက်ပြန်နှင့်လျှောက်ပြီး ဖုန်းကိုလည်းကိုင်ထားတဲ့အန်ရီကို တွေ့သည်။ သူ့ကိုတောင် သတိထားမိဟန်မတူတော့
ရှောင်းကျန့်အသံလှမ်းပေးလိုက်သည်။

"ဖုန်းလာစရာရှိလို့လား "

အန်ရီ မှာ သူ့အတွေးနဲ့သူဖြစ်နေစဉ် ရုတ်တရက်သူ့အကိုရဲ့
အသံကိုကြားတော့လန့်ဖြန့်သွားသည်။ဖုန်းကိုပါ အလိုလို
အနောက်သို့ဖွက်ထားပြီး ထစ်အစွာဖြင့် ပြန်ပြောလိုက်တယ်။

"ကို.. ကိုကို.ဘယ်တုန်းကရောက်နေတာလဲ"

"အခုပဲရောက်တာလေ။.ဘာလို့ ဒီလောက်ထိ လန့်နေတာလဲအန်ရီ  မဟုတ်မှလွဲရော.."

" ညီမလေး ဘာ. ဘာမှမလုပ်ပါဘူး."

ညီမလေးရဲ့ လန့်ဖြန့်နေပုံကို ကြည့်ပြီး ရှောင်းကျန့်မျက်လုံး
ကို မှေးရင်း ခန့်မှန်းပြော၏။

"ရည်းစားထားနေတာ မဟုတ်လား"

"အာ..ကိုကိုကလည်း.မဟုတ်ပါဘူး"

ကိုကို က သာမန်အတိုင်းလေးပဲ တွေးလိုက်သည်မို့ စိတ်အေး
သွားရပြီးမှ...ဖုန်းကို ဖွက်၍ မျက်စိစူးစူးဖြင့်ကြည့်နေသည့်
အရှေ့မှ ထွက်သွားရတော့သည်။

ခေါင်းကုတ်ဖင်ကုတ်နဲ့.. သူ့ရှေ့ကနေ အသာလစ်ထွက်သွားတဲ့ အန်ရီ့ကို ရှောင်းကျန့်ရယ်မိသည်။
သူ့ညီမလေးတောင်.အရွယ်ရောက်နေပြီဆိုတာတွေးမိတော့
ရည်းစားထားမယ်ဆိုလည်း ဆန်းတော့ မဆန်းဘူးလေ။

"အန်ရီတောင်..ချစ်သူရှိနေပြီထင်တယ်။
လူကောင်းဟုတ်မဟုတ် ငါကြည့်ပေးရဦးမယ် "

ညစာစားနေရင်းလည်း ဖုန်းကိုပဲကြည့်နေတဲ့ ညီမဖြစ်သူကို
ရှောင်းကျန့် ကြည့်မရတော့တာကြောင့် ပါးစပ်မှာ ဇွန်းကို
ကိုက်ထားရင်း လက်ကမြန်မြန်ဖုန်းကိုလှမ်းဆွဲလုလိုက်သည်။

"ဟာ...ကိုကို.ဘာလုပ်တာလဲ"

"ဘာလုပ်ရမှာလည်း.. တစ်ချိန်လုံးဖုန်းပဲကြည့်နေတာ
ဘယ်သူနဲ့ပြောနေလဲ ကြည့်မလို့"

𝚆 𝙷 𝚈 ?Where stories live. Discover now