"မင်းကိုတစ်ရက်လောက်မလွမ်းပဲနေလို့ရရင်ကောင်းမှာပဲ။"ရိပေါ်ထွက်သွားပြီးကတည်းကမားအိမ်မှာပြန်နေတာ
တစ်ပတ်မြောက်တဲ့နေ့မနက်ခင်းမှာတင် ရိပေါ်က
ဖုန်းဆက်လာတယ်။ရိပေါ်ဖုန်းဆက်လာမယ့်အချိန်ကို ရှောင်းကျန့်မျှော်နေရတာ
အမောပဲ။ ကနေဒါနဲ့ တရုတ်က အချိန်ကွာခြားချက်က
ပျှမ်းမျှ13နာရီဖြစ်တာကြောင့်. နေ့နဲ့ညလိုဖြစ်နေပေမယ့်
နေ့တိုင်းဖုန်းပြောဖြစ်ကြတယ်။ရိပေါ်..ဒီနေ့ရောအဆင်ပြေရဲ့လားဆိုတဲ့စကားလေးအစချီပြီး အချိန်တိုတိုလေးအတွင်းသတိရနေတဲ့အကြောင်းတွေပြောနိုင်သလောက်ပြောခဲ့ကြတယ်။ ဖုန်းချခါနီးတိုင်းရိပေါ်ဆီကနေ
သူ့ကိုချစ်တယ်ဆိုတဲ့စကားလေးကိုကြားရရင်ကို ရှောင်းကျန့်အတွက်အားအင်ဖြစ်ခဲ့တယ်။
ဒီကောင်လေးက သူ့ကိုချစ်သလိုသူကလည်းချစ်တာကြောင့်. ဒီအချိန်အပိုင်းအခြားလေးကိုပေါ့ပေါ့ပါးပါးကျော်လွှားသွားမယ်ဆိုတာ ရှောင်းကျန့် ယုံကြည်နေတယ်။
.
.
." ကော.. လွမ်းတယ်"
နဂိုတည်းကမှဝမ်းနည်းနေတဲ့ကလေးတစ်ယောက်ကိုဘာဖြစ်လို့လဲလို့မေးလိုက်တာနဲ့. ထငိုတက်သလိုပဲ။ ရိပေါ်ဆီကနေ
လွမ်းတယ်လို့်ကြားတာနဲ့ မျက်ရည်တွေဝဲလာပြီး အသံတွေပါတုန်လာတာကြောင့်.. ချက်ချင်းပြန်မဖြေမိဘူး။ရိပေါ်က ကောရော ကျွန်တော့်ကိုမလွမ်းဘူးလားလို့ဆိုမှ အသံကိုထိန်းပြီးပြန်ဖြေရတာအကြိမ်ကြိမ်ပါပဲ။
ရိပေါ်ဆီကနေဖုန်းကျသွားပြီဆိုတော့မှရှောင်းကျန့်မျက်ရည်
တွေကိုသုတ်ပစ်ပြီး.အားရပါးရငိုချလိုက်တယ်။ အဲ့လိုငိုလိုက်မှပဲ တစ်နေကုန် နေလို့ထိုင်လို့ရတယ်။နေ့တိုင်းမားရဲ့အလုပ်လေးတွေဝိုင်းကူပေးရင်း ရှောင်းကျန့်
သူ့ရဲ့ခက်ခဲလှတဲ့တစ်နေ့တာကိုကျော်ဖြတ်လာသည်။ မျက်နှာပေါ်မှာ အပြုံးတစ်ချက်မပျက်ပဲ အန်ရီလေးကိုပါ
စနောက်ပြီး ရှောင်းကျန့်နေသားကျလာသည်။ရိပေါ်ဝယ်ပေးထားတဲ့စက်ဘီးလေးကိုရှောင်းကျန့်စီးရင်းမားလုပ်ထားတဲ့မုန့်လေးတွေကို လိုက်ပို့ပေးရင်း.. သူတို့်အတူတူ
နေဝင်ချိန်လေးကိုကြည့်ခဲ့ဖူးတဲ့မြစ်ကမ်းလေးကိုလှမ်းကြည့်ကာအမှတ်တရတွေကြောင့်ပျော်ရပြန်တယ်။
YOU ARE READING
𝚆 𝙷 𝚈 ?
Fanfiction𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?