27

19K 1.8K 106
                                    

အရင်နေခဲ့တုန်းက အခန်းငယ်လေးက အချိန်တွေကြာသွား
လည်းဒီအတိုင်းပဲ ရှိနေသေးတယ်။သဘောကျလို့ သိမ်း
ထားခဲ့တဲ့နာရီအဟောင်းလေးတောင် အခန်းထဲမှာရှိနေတုန်း။

အမှတ်တရတွေရှိတဲ့အရုပ်သေးသေးလေးတွေရောအခုချိန်ထိ စင်ပေါ်မှာအစီအရီဖြစ်နေတာတွေကို ရှောင်းကျန့်ကိုင်ကြည့်
နေသည်။မား က ဒါတွေအကုန်လုံးကို သေချာသိမ်းဆည်း
ပေးထားတာကို သိရလို့..ရှောင်းကျန့် ပြုံးနေသည်။

ထိုအပြုံးတို့ က ခဏတာသာဖြစ်ပြီး အရုပ်လေးတွေကို ကိုင်နေပေမယ့် သူ့စိတ်တွေကတော့ တစ်ခြားဆီသို့ ရောက်
နှင့်နေပြီ။ ဒါကို သတိထားမိတဲ့အခါ ရှောင်းကျန့် ခေါင်းကို
ဖြေးဖြေးခါပြီး မတွေးမိအောင်နေသည်။

" သူ့ကို မကြာခင်မေ့မှာပါ
မေ့ပြီး.. ငါရှေ့ဆက်နိုင်ရမယ်"

အပေါ်အင်္ကျီကိုချွတ်ကာသူ့ရဲ့တစ်ယောက်အိပ်ကုတင်လေး
ပေါ်မှာ စိတ်ရှိလက်ရှိ လှဲချလိုက်သည်။ သက်ပြင်းရှည်ကြီး
တစ်ချက်ကို မှုတ်ထုတ်ကာ.ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေပေါ်မှာ အပြုံးတို့အားတင်လိုက်သည်။

" အိမ်ကတစ်ကယ့်ကိုအကောင်းဆုံးပဲ
သက်တောင့်သက်သာရှိလိုက်တာ."

ရှောင်းကျန့်ကပက်လက်လှဲအိပ်နေရာကနေမျက်လုံးတွေကိုအခန်းမျက်နှာကျက်ဆီပို့ထားပြီး.အကြာကြီးစိုက်ကြည့်နေသည်။ တစ်နေရာတည်းကိုအကြာကြီးမျက်တောင်မခတ်ပဲ
စိုက်ကြည့်နေတော့ မျက်လုံးတွေစပ်လာသည်ထင်ပါရဲ့။
မျက်ရည်စီးကြောင်းနှစ်ဖက်က မျက်ဝန်းထောင့်တွေ
ဆီကနေ အပြိုင်စီးကျလာသည်။

ရှောင်းကျန့်ထိုမျက်ရည်တွေကိုသတိထားမိတာနဲ့. အမြန်
ပွတ်ကာသုတ်ပစ်ပြီး လက်ကို ကုတင်ပေါ် ဗုန်းခနဲအသံမြည်
သည်အထိ ပြန်ချလိုက်တယ်။ အခုချိန်ထိမျက်ရည်သုတ်နေရ
သေးတာကို ဘ၀င်မကျဘူး။

"မျက်လုံးတွေသိပ်မကောင်းတော့ဘူးထင်တယ်။ မျက်ရည်ပူတွေခဏခဏကျနေတော့တာပဲ
မျက်မှန်တပ်မှဖြစ်မယ် "

ရှောင်းကျန့်ယောင်ယမ်းကာ သူ့ကိုယ်သူလိမ်ညာနေမိသည်။
စဉ်းစားလေလေသူ့အဖြစ်ကိုသူရယ်ချင်လာတာကြောင့်အသံထွက်သည်အထိအော်ရယ်မိသည်။

𝚆 𝙷 𝚈 ?Where stories live. Discover now