" ရိပေါ်.. ငါမင်းကြိုက်တက်တာတွေရွေးချက်ပေးထားတာ
ဘယ်လိုနေလဲ.. ဒါတွေကြိုက်သေးရဲ့လား "ထမင်းစားပွဲခုံကျိုးမတက် အပြည့်ပြင်ဆင်ပေးထားတဲ့ ယွင်ရှန်း ကို ပြုံးပြပြီး.. ဟင်းတွေအများကြီးထဲကမှ လေးထောင့် အတုံးလှလှလေးလုပ်ထားတဲ့ ကြက်ဥလိပ်တစ်ခု
ကို ယူ၍.. ပြောသည်။ တကယ်လည်း.. သူမမေ့နိုင်လောက်
အောင် ယွင်ရှန်း လက်ရာက စားလို့ကောင်းလွန်းတယ်။" ကျောင်းကို မင်းထည့်ထည့်လာတဲ့
ကြက်ဥလိပ်ကိုတော့ ဘယ်ရောက်ရောက်ငါမမေ့ဘူး
အခုထိ ကြိုက်တုန်းပဲ.. "ရိပေါ်ဆီက မမေ့ဘူးဆိုတာကို ကြားရတော့ ယွင်ရှန်း
ဝမ်းသာအားရ ရယ်မောရင်း.. ရိပေါ်ရဲ့ ထမင်းပန်းကန်ထဲ
စားစေချင်သမျှ ဟင်းတွေအကုန်ကို တစ်ခုမကျန်ထည့်ပေး
နေသည်။ရိပေါ်ကို အလွန်အကျွံ ဂရုစိုက်နေရင်းနဲ့မှ အကိုကျန့် ကို သတိရသွားတာမို့ ယွင်ရှန်း လှည့်ကြည့်လိုက်
တော့.. အကိုကျန့်တစ်ယောက် ခါတိုင်းနဲ့ မတူတာကို ခံစား
မိနေသည်။"အကို..နေကောင်းရဲ့လား.. အကို. "
လည်ပင်းပိတ်ဆွယ်တာအထူပွပွကြီးကို ဘောင်းဘီအရှည်နဲ့
တွဲဝတ်ထားပြီး နေမကောင်းတဲ့ပုံပေါက်နေတဲ့ အကိုကျန့် ကို
ပြန်ရောက်တည်းက ယွင်ရှန်းသတိထားမိတယ်။ ကြည့်ရ
တာ အခုထိ ခေါင်းကိုက် မသက်သာသေးတဲ့ပုံပဲ။
အားမရှိသလို ထမင်းနည်းနည်းချင်းဆီစားနေတဲ့အပြင်
သူခေါ်နေတာကိုလည်းကြားပုံမပေါ်ဘူး။" အကို.. အကိုကျန့်..! "
လူကသာ ငြိမ်ကုတ်နေပေမယ့် စိတ်ကတော့နေ့လည်
ကဖြစ်သွားတဲ့ ကိစ္စကို ထပ်တလဲလဲ တွေးနေမိတယ်။
သူဘာဆိုဘာမှမသိတော့ဘူး..၀မ်ရိပေါ် သူ့အပေါ်အခုလို
ပြုမူဆက်ဆံရတဲ့ အကြောင်းရင်းကို။ ရူးတော့မှာပဲ။"အကို...."
ယွင်ရှန်း၏ ခပ်ကျယ်ကျယ်အသံကြောင့်.. ရှောင်းကျန့်က
သာ၏ အတွေးတွေကို ဒီမှာတင် ရပ်ထားလိုက်သည်။" ယွင်ရှန်း.ကိုယ့်ကို ဘာပြောလိုက်တာလဲ"
အထိတ်ထိတ်အပြာပြာနှင့်စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသည့်
ရှောင်းကျန့်ကိုစိမ်ပြေနပြေထိုင်ကြည့်ရင်းရိပေါ်ကျေနပ်နေ
သည်။ထမင်းဝိုင်းမှာ စထိုင်ကတည်းက ခေါင်းကိုငုံ့ထားတာ တော်တော်ကြာနေပြီ။အခု ယွင်ရှန်းစကားပြောမှ ဒီလူပထမဆုံးမျက်နှာမော့လာတာပဲ။
YOU ARE READING
𝚆 𝙷 𝚈 ?
Fanfiction𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?