39

15.1K 1.5K 51
                                    

" ကော..ဒီလောက်နဲ့ ၀လို့ လား ဘာစားချင်သေးလဲ
ထပ်မှာပေးမယ် "

မျက်စိရှေ့မှာတင် စားစရာတွေအစုံအလင်ရှိနေသည်ကို
မမြင်တာများလားမသိလို့ ရှောင်းကျန့် လက်ထဲက ပီဇာ၂ချပ်
ပူးကို ချထားပြီး ပလုတ်ပလောင်းဖြင့် ပြန်ပြောလိုက်သည်။

"ငါ့ကို အသားတိုးအောင်ကျွေးပြီး
မင်းချက်စားမလို့လားဟမ်...ဒီမှာတောင် ငါမကုန်နိုင်သေး
ဘူး"

ရိပေါ်က ဖောင်းနေတဲ့ပါးလေးနဲ့ ဆီတွေကြောင့် ပြောင်လက်
နေတဲ့ နှုတ်ခမ်းသေးသေးလေးကို မေးထောက်လျှက်ကြည့်
ရင်း ပြုံးနေသည်။ Tissue boxထဲကနေ ၂ရွှက်လောက်
ဆွဲထုတ်၍..လက်ကိုဆန့်ကာ ထိုနှုတ်ခမ်းလေးကို ဖွဖွ တို့သုတ်ပေးလိုက်၏။

" ကောပဲ ဗိုက်အရမ်းဆာနေတယ်ဆို အဲ့တာကြောင့်
ကျွေးတာပါ..."

" အသားတိုးအောင်ကျွေးတာတော့မဟုတ်ပေမယ့်
ကျွန်တော်.. ကျန့်ကောကို စားမှာကတော့ မှန်တယ် "

ဒီလိုစကားကို စားသောက်နေတဲ့ အချိန် ဘာမှမဖြစ်သလိုပြော
နိုင်တဲ့ ၀မ်ရိပေါ်ကို မျက်စောင်းထိုးပစ်ပြီး..Cola ဗူးကို ဖွင့်
ဖို့လုပ်သည်။ လက်မှာ ဆီတွေပေပြီး ချော်ထွက်နေတော့
ရှောင်းကျန့်မှာ အားရှိတာတောင် လွယ်လွယ် လှည့်ဖွင့်မရ။

ရိပေါ်က သူ့နှင့် မျက်နှာချင်းဆိုင်ကနေ ဘေးသို့ ပြောင်း
ထိုင်ပြီး cola ဗူးကို ဖွင့်ပေးသည်။ ဗူးက ကြီးတော့ ကိုင်မော့သောက်ရအဆင်မပြေသည့်အတွက် ဖန်ခွက်ထဲ ငှဲ့
ထည့်ပြီးမှ ရှောင်းကျန့်လက်ထဲထည့်ပေးလိုက်၏။

" ရော့..ကျွန်တော့်ရဲ့ ၃နှစ်သား ကျန့်ကျန့်လေး "

ရှောင်းကျန့် နှုတ်ခမ်းတွေက ရယ်ချင်သည်ကို ချုပ် ထိန်း
လျှက် colaကို သောက်ပစ်လိုက်သည်။တကယ်ပဲ ၀မ်ရိပေါ်
က သူ့ကို ကလေးလို သဘောထားနေသလားမသိဘူး။
သူကိုယ်တိုင်ကလည်း ရိပေါ် ဆီကနေ အခုလို ဂရုစိုက်ခံရ
တာကို ပျော်နေခဲ့ပါသည်။ ဒီလိုဆိုတော့ ရိပေါ်က အရင်ကထက် ပိုကြွေချင်စရာကောင်လေးတစ်ယောက်ဖြစ်
လာသလိုပဲ။

" ၀မ်ရိပေါ်..အင့် "

မျက်နှာကို မော့၍ မျက်လုံးကိုမှိတ်ပေးပြီး သူ့ရှေ့တွင် ရှိနေ
တော့ ရိပေါ် ထူးဆန်းသွားတယ်။ နှုတ်ခမ်းကဆီတွေကို
သုတ်ပေးစေချင်တာလား လို့တွေးပြီး Tissue ယူဖို့် လက်
ကို လှမ်းလိုက်သည်။

𝚆 𝙷 𝚈 ?Where stories live. Discover now