အဝတ်စားကိုသပ်ရပ်အောင်ဝတ်ကာ ယောက္ခထီးလောင်း
နဲ့တွေ့ရမယ့်အရေးကိုရှောင်းကျန့် စိတ်လှုပ်ရှားနေရတယ်။
ဧည့်ခန်းမှာထိုင်မနေနိုင်ပဲ လက်နှစ်ဖက်ကိုပွတ်ကာ လမ်းလျှောက်နေသည်။ အခုမှ အောက်ထပ်ကိုဆင်းလာတဲ့
ရိပေါ်ကိုမြင်တာနဲ့.. အနားသွားကာပြောလိုက်တယ်။"ရိပေါ်.. ငါအဆင်ပြေမှာပါနော်..
အကယ်လို့ မင်းရဲ့အဖေကငါနဲ့သဘောမတူဘူးဆိုရင်ရော".လက်တွေအေးစက်နေတဲ့ ရှောင်းကျန့် ဘယ်လောက်စိတ်လှုပ်
ရှားနေလဲဆိုတာကို ရိပေါ်အတိုင်းသားမြင်နေရသည်။" ကော.. စိတ်မလှုပ်ရှားပါနဲ့
ကျန့်ကောရဲ့အကြောင်းကိုပါ တစ်ခုမကျန်
ပြောပြထားပြီးသား.ဒါပေမဲ့ ပါးကိုကတိပေးထားတာတစ်ခုတော့ရှိတယ်။"ရှောင်းကျန့် သိချင်တာနဲ့ ပြန်မေးလိုက်တယ်။
"ဘာ ကတိလဲရိပေါ်.. "
" ဒီအတိုင်းကတိတစ်ခုတော့ တောင်းထားတယ် ဘာလဲဆိုတာတော့ ရောက်လာမှလူချင်းတွေ့ပြီးပြောမယ်တဲ့ ဒါပေမဲ့ စိတ်ချပါ. ကျွန်တော်က ကောအတွက်ဆို
အကုန်လက်လွတ်လိုက်နိုင်ပြီးသားကျွန်တော်လိုချင်တဲ့
တစ်ခုတည်းသောအရာကို ကျန့်ကော ဆိုတာသိတယ်မလား "" အင်း.. သိတယ်"
ခြံရှေ့မှာကားဟွန်းတီးသံကြားရတဲ့အပြင်ခြံတံခါးဖွင့်သံတွေပါ
ကြားတော့ ရှောင်းကျန့် လက်တွေက ရိပေါ်ရဲ့လက်တွေကို
ဆုပ်ကိုင်ထားလိုက်တယ်။ ရိပေါ်ကိုချစ်တယ်ဆိုရင် ဒီလောက်လေးတော့ သူမတုန်လှုပ်ဘဲ လုပ်နိုင်မှာပါ။.
.
.
.
ခြံထဲမှာကားရပ်လိုက်ပြီးတာနဲ့ ဒရိုင်ဘာကတံခါးလာဖွင့်ပေး
နေတော့ ဝမ်ထျန်းကကားပေါ်ကနေဆင်းကာ သူ့သားရဲ့အိမ်
ကိုသေချာကြည့်နေသည်။တဲ့သာမန်၂ထပ်အိမ်လှလှလေးက သူ့သားရိပေါ်အကြိုကိမဟုတ်ဘူးဆိုတာကို တွေးမိပြီး ပြုံး
သည်။"အိမ်ကြည့်တက်တဲ့အမြင်တော့.. ကောင်းသားပဲ။ငါ့သားက ဘယ်တုန်းက ဒီလိုလှတာတွေပြောင်းကြိုက်သွားတာလဲ."
"ပါး.ရောက်ပြီလား.."
သားဖြစ်သူရဲ့အသံကြားမှ အိမ်ကိုကြည့်နေတဲ့ ဝမ်ထျန်း
ပြန်လှည့်ကြည့်လိုက်တော့ ရိပေါ်နဲ့အတူဘေးမှာရပ်နေတဲ့
အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်ကိုပါတွေ့ရသည်။

YOU ARE READING
𝚆 𝙷 𝚈 ?
Фанфик𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?