25

19.2K 1.9K 123
                                    

" ဘာ.. အဲ့ဒီကောင်က မင်းကိုမချစ်ပဲနဲ့ ကစားတာပေါ့ဟုတ်လား...ငါကွာ... "

အော်ကြီးဟစ်ကျယ်နဲ့ မတ်တပ်ကြီးထရပ်ကာပြောဆိုနေတဲ့
ကျစ်ယွင်ကြောင့်..ရှောင်းကျန့်မှာထွက်နေတဲ့ မျက်ရည်တွေပါ
ပြန်ဝင်ချင်သွားသည်။ ကားပေါ်က လူတွေကလည်း သူတို့နှစ်
ယောက်ကို လှည့်ကြည့်တဲ့သူကကြည့်နေကြသေးသည်။
လက်ဟန်ခြေဟန်ဖြင့် တိုးတိုးနေဖို့ပြောတာလည်းမရသည်
တွင်ရှောင်းကျန့် မှာ ကျစ်ယွင်ရဲ့လက်ကို လှမ်းဆွဲပြီး နေရာ
မှာပြန်ထိုင်ခိုင်းလိုက်သည်။

"တိုးတိုး "

"တိုးတိုးပြောပါကွ.. သူများကြားရင် ငါပဲအရှက်ကွဲရမှာ"

" မင်းရှက်တာ မရှက်တာနောက်ထားစမ်းပါ
ငါစိတ်တိုတယ်.အခု အဲ့ကောင်ဆီပြန်သွားရအောင်
တစ်ချက်လောက်ထိုးရမှကျေနပ်မယ်။ ငါ့သူငယ်ချင်းကို
များကွာ "

ကျစ်ယွင်ပြောနေရင်း မထုံတတေးမျက်နှာနှင့် ရှောင်းကျန့်ကို
ကြည့်ပြီးပဲ သက်ပြင်းချမိသည်။သေချာတာပေါ့ ရှောင်းကျန့်
ဆိုတဲ့လူက ဘာများလုပ်ခဲ့မှာလဲ။ သူ့ကို ကစားသွားတဲ့လူကို
ထိုးဖို့ ဆဲဖို့မပြောနဲ့ ..အခုလည်း ငိုပြီး ထွက်ပြေးလာတဲ့ပုံ။

"  မင်း..ဒေါသမထွက်ဘူးလားဟမ်.."

ဒေါသထက် ပိုတာက ၀မ်းနည်းမူဖြစ်လို့..ရှောင်းကျန့် ကျစ်ယွင်ကိုမကြည့်ပဲ ခေါင်းကိုငုံ့နေသည်။စိတ်ဆိုးဒေါသ
ထွက်ဖို့ခဲယဉ်းပြီး..မျက်ရည်စက်လက် ထွက်ပြေးခဲ့တဲ့ သူ့အဖြစ်ကို သာ ကျစ်ယွင်သိရင် စိတ်ပျက်သွားမှာ။

ကျောင်းတုန်းက လိမ္မာရေးခြားရှိပြီး ရုပ်ချော စာတော်တဲ့အပြင်
ကျောင်းသူတွေကြားထဲ ရေပန်းစားတဲ့ ရှောင်းကျန့်လိုလူက
ဘာသိမ်ငယ်စရာရှိလို့လဲ။ သူ့သူငယ်ချင်းကို ပစ်ခဲ့တဲ့လူက
သာ မျက်လုံးကန်းပြီး ရူးနေတဲ့ကောင်ဖြစ်မှာ။

"မင်းက ဘယ်နေရာ ဘာဖြစ်နေလို့ အဲ့ကောင်ကမကြိုက်
တာလဲ ဒီလောက်ချောတဲ့လူကို ထားခဲ့တာ အဲ့ဒီ့ကောင်
မျက်စိကန်းနေလို့လားမှမသိတာ။အခု ကားပေါ်ဆင်းမယ် ထ"

သူ့လက်မောင်းကို ကိုင်ပြီး နောက်ကြောင်းပြန်လှည့်မယ်
တကဲကဲလုပ်နေတဲ့ ကျစ်ယွင်ကိုရှောင်းကျန့် အမြန်ဆွဲတားရ
တယ်။

𝚆 𝙷 𝚈 ?Where stories live. Discover now