" ဝမ်ရိပေါ်မကောင်းတဲ့ကောင်
ငါ့ကိုအခုထိဒုက္ခပေးလို့ မပြီးသေးဘူးလား.."အိမ်အပြန်လမ်းတွင် ရှောင်းကျန့်စက်ဘီးကို အသားကုန်နင်း
နေရင်း.. စိတ်လွတ်လက်လွတ်အော်ဟစ်ပစ်လိုက်သည်။
မျက်ရည်တွေနှင့် မျက်ဝန်းတစ်စုံကလည်း..၀မ်ရိပေါ်နဲ့ ပတ်သတ်ပြီး တင်းခံထားရသမျှနှလုံးသားက သိသိသာသာ
ပြိုလဲဟန်ကိုပြနေသလို...။"ဘာကြောင့်လဲ..၀မ်ရိပေါ် ငါ့ကိုနာကျင်အောင်လုပ်လို့
အားမရနိုင်သေးတာလား။ငါမင်းအကြောင်း
မစဉ်းစားပဲ နေနိုင်တော့မှာလေ။ ဘာလို့ အခုချိန်မှ
ငါ့ရှေ့ပေါ်လာရတာလဲ."" ငါတကယ်ပဲပျော်ရွှင်နေခဲ့တာကို.. ဘာလို့လဲ..."
စက်ဘီးနင်းနေရင်း ငိုမိတာကြောင့် ထိုမျက်ရည်တွေကို လက်မောင်းက အင်္ကျီသားဖြင့် ငုံ့သုတ်ပစ်နေရင်းရှေ့တွင်
လာနေတဲ့ကားတစ်စီးကို ရှောင်းကျန့် ရုတ်တရက်
မမြင်မိလိုက်ချေ။မီးရောင်စူးစူးကြီးကြောင့်သာ ရှေ့တွင်.ကားလာနေတာကို
သိပြီးမှရှောင်းကျန့် ချက်ချင်းပင် စက်ဘီးကိုတွေ့ရာလမ်းဘေး
ထိုးချကာဆင်းလိုက်သည်။ ညဘက်ဖြစ်တာကြောင့်မျက်လုံး
တွေသေချာမမြင်ရပဲ အနည်းငယ်မြေနိမ့်တဲ့နေရာကိုဆင်းမိ
တော့သည်။စက်ဘီးကိုလည်းမထိန်းနိုင်တော့ပဲ လူရောစက်ဘီးပါ လဲကျ
သွားသည်။ကံကောင်းတာကမြေအစိုဖြစ်နေတော့
အောက်ကျတဲ့အချိန် အသားနာတာသိပ်ပြင်းထန်တာ
မဟုတ်ပေမယ့် ခြေထောက်ကတော့ ခေါက်သွားသည်မို့
ထမရအောင်နာနေရပြီ။" ၀မ် ရိ ပေါ်....."
ရှောင်းကျန့် လဲကျနေတဲ့အတိုင်းပင် ပြန်ထချင်စိတ်မရှိစွာဖြင့်
သူ့ဘ၀လိုပဲ မှောင်မိုက်နေတဲ့ကောင်းကင်ကြီးကိုကြည့်ကာ.. စိတ်တိုတိုနဲ့ ၀မ်ရိပေါ် နာမည်ကိုအော်ဟစ်ပစ်လိုက်သည်။"တွေ့လား. ဝမ်ရိပေါ် မင်းရောက်လာတာနဲ့ ငါကံဆိုးရတာပဲ ငါ့ဆီရောက်မလာပါနဲ့ မင်းကို ချစ်မိမှာကြောက်လွန်းလို့.
ငါမင်းကို ထပ်ပြီး မချစ်ချင်ဘူး။ "ခဏကြာတော့ ကားတစ်စီးက ဖြတ်သွားရာကနေ အနောက်
ြုပန်ဆုတ်လာပြီးရပ်လိုက်သည်။ ထိုကားထဲကထွက်လာတဲ့လူ
ကို ရှောင်းကျန့်အမြန်ကြည့်လိုက်တော့ထိုလူကဝမ်ရိပေါ် မဟုတ်ဘူးဆိုတာနဲ့တင်စိတ်ချမ်းသာသွားရသည်။

YOU ARE READING
𝚆 𝙷 𝚈 ?
Фанфик𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?