20

18.3K 1.8K 63
                                    

"ရှန်းလေး... မငိုနဲ့လေ.အစားသောက်စားနေတဲ့အချိန်
မငိုရဘူး တိတ်.. တိတ် "

လီရှင်းသူ့ကောင်လေးငိုနေတာကိုဘေးနားကနေထိုင်ကြည့်
ပြီးပြောနေရတယ်သည်။သူပြောမှပဲ ပိုပြီး ငိုနေတဲ့အတွက်
တစ်ရှူးဗူးလေးကိုယူပြီးယွင်ရှန်းဘေးမှာချထားပေးလိုက်
သည်။

ငိုရင်း တစ်ဇွန်းပြီးတစ်ဇွန်းစားနေတဲ့ ယွင်ရှန်းကို.. ကြည့်ရင်း
လီရှင်းအကြံရသွားသည်။ ငိုနေတဲ့ ကောင်လေးက လန့်သွား
မှ အငိုတိတ်လောက်မှာ။အသံထွက်တဲ့ အထိငိုယိုရင်း
ဇွန်းအပြည့် ခပ်ထားသည့် ကိတ်မုန့် ကိုစားဖို့လုပ်နေတဲ့ ယွင်ရှန်းလက်ကို ဖမ်းကိုင်လိုက်သည်။ ဒီလောက်အများ
ကြီးကို ရိုက်ငိုပြီးစားနေတာ ကြာရင် သီးကုန်တော့မှာ။

လက်ကိုကိုင်လိုက်တာနဲ့ ခေါင်းလေးမော့ပြီးကြည့်လာတဲ့ ယွင်ရှန်းက ငိုတာအနည်းငယ်ရပ်သွားသည်။ မျက်ရည်တို့်
ကိန်းအောင်းနေသည့် မျက်ဝန်းအိမ်ထဲမှာ မျက်စံနက်နက်က
လေးတွေ လှုပ်ရှားနေသည်ကို မြင်ရတယ်။

မျက်ရည်တို့စိုရွှဲနေတဲ့ မျက်နှာဖြူဖြူလေးရယ်နှာသီးလေးတွေ
လည်းရဲနေသေးတယ်။ နှုတ်ခမ်းထူထူလေးကလည်းကိတ်မုန့်
ခရင်မ်လေးတွေနဲ့ပေနေသေးတာကြောင့် ချော့ရမှာကိုတောင်
လီရှင်း မေ့လျော့နေသည်။

ဖြစ်နိုင်ရင်.ထိုနှုတ်ခမ်း‌ လေးကိုနမ်းကြည့်ချင်တယ်။

လီရှင်းရဲ့ မျက်နှာကရှေ့ကိုတိုးတိုးသွားပြီးတစ်ဖြေးဖြေးနီးကပ်
လာတော့ယွင်ရှန်းဘာလုပ်ရမှန်းမသိပဲကြောင်နေသည်။

" ဘာလုပ်တာလဲ.."

"အင်း..ချိုလိုက်တာ."

သူ့လက်ထဲက ကိတ်မုန့်ကိုစားပစ်လိုက်တဲ့ လီရှင်းကို ယွင်ရှန်း မျက်တောင်မခတ်စတမ်းကြည့်ပြီးမှ စိတ်အေးသွား
တယ်။အဲ့ဒီလူက သူ့ကို နမ်းတော့မယ်ထင်သွတာ။

" တော်သေးတယ်။ ကျွန်တော် ခင်ဗျားမျက်နှာကိုထိုးမိတော့မလို့"

လီရှင်းအကြီးအကျယ်ရှော့ရသွားသလိုအကျယ်ကြီးထအော်ကာ မကျေနပ်ကြောင်းပြောသည်။

𝚆 𝙷 𝚈 ?Where stories live. Discover now