" ပြောလေ ဘာမဟုတ်တဲ့အသေးမွှားလောက်လေးနဲ့. စိတ်တိုရလောက်တဲ့အထိ.ငါနဲ့မင်းကဘာတွေသက်ဆိုင်နေလို့လဲ ဝမ်ရိပေါ်.. "
စိုက်ကြည့်နေတာကလွဲပြီးဘာစကားတစ်ခွန်းမှထွက်မလာတဲ့ ၀မ်ရိပေါ်ကိုရှောင်းကျန့်စိတ်ပျက်လက်ပျက်နဲ့သာကြည့်နေ
တယ်။ဘာတွေမျှော်လင့်နေမိတာလဲ။ဘာကိုကြားချင်နေတာလဲ။
သူက၀မ်ရိပေါ်အတွက်.အရမ်းလွယ်ကူတဲ့အရုပ်တစ်ရုပ်သာသာပဲဆိုတာ သိခဲ့သင့်တာ။"မပြောနိုင်ဘူးမလား.အဲ့တာဆိုငါနဲ့ပတ်သတ်တဲ့အရာတိုင်းအတွက် မင်းမှာပြောပိုင်ခွင့်လည်းမရှိဘူး
တားဆီးခွင့်လည်းမရှိဘူး"ရှောင်းကျန့်ဆီကနေ ဘာတွေသက်ဆိုင်နေလို့လဲဆိုတဲ့
စကားကို ရိပေါ်ပြန်ချေပဖို့ရာစကားလုံးရှာမတွေ့ဖြစ်နေတယ်။
ချစ်တယ်ဆိုတဲ့စကားလုံးကိုတွေးမိလိုက်တိုင်း.. ကျောင်းမှာက
တည်းက အခုချိန်ထိ ၇နှစ်လုံးလုံး သူ့ဘက်က နေ ချစ်ခဲ့မိတဲ့
ယွင်ရှန်းမျက်နှာကိုပဲမြင်နေတယ်။သူ့ကိုယ်သူနားမလည်နိုင်သေးဘူး။ ရှောင်းကျန့်ဟာ သူ့အတွက်ဘယ်လိုတည်ရှိမူမျိုးလည်း။
တွေးနေတုန်းမှာ သူ့ရင်ဘတ်ပေါ်ကို ကျရောက်လာတဲ့
လက်သီးချက်လေးတွေရှိနေသည်။ ရိပေါ် ထိုလက်သီးချက်
တွေကို ငြိမ်ခံပြီး...ရှောင်းကျန့် မျက်နှာကိုသာ ကြည့်နေ
လေသည်။"ငါက လွယ်တယ်မလား။မင်း စိတ်ထဲကနေလှောင်
ရယ်နေတာမလား.၀မ်ရိပေါ် အမှန်တိုင်းပြောလိုက်စမ်းပါ..""ငါ့ဘဝမှာနောင်တအရဆုံးက..မင်းနဲ့တွေ့ခဲ့ရတာကိုပဲ
မင်းနဲ့သာမတွေ့ခဲ့ရင်.ငါ ဒီလောက်ထိ.. "ရိပေါ်.သူ့မျက်စိရှေ့မှာတင် မျက်ရည်အ၀ဲသားဖြင့် ပြောဆို
နေသည့်ရှောင်းကျန့်ကို လက်မောင်းကနေလှမ်းဆွဲ
ကာ ပွေ့ဖက်လိုက်သည်။ရုန်းထွက်လို့မရနိုင်အောင် ဖက်ထားပြီး ခေါင်းကိုဖွဖွလေးအုပ်ကိုင်လိုက်သည်။ပွေ့ဖက်လိုက်ပြီးသိပ်မကြာလိုက်ခင်မှာ သူ့ပုခုံးတစ်ဖက်ဟာ
နွေးခနဲခံစားလိုက်ရတာ ကြောင့်.ရိပေါ်လည်းသူ့ရင်ခွင်ထဲက လူကို ပိုတိုးကာဖက်ထားမိတော့သည်။
ခဏလေးပဲ...ကျုပ်ကိုအချိန်ပေးပါ။ ခဏလေးပါပဲ။
.
.
.
YOU ARE READING
𝚆 𝙷 𝚈 ?
Fanfiction𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?