30

19.9K 1.8K 102
                                    

    " လွှတ်လို့ပြောနေတယ် "

ခပ်တိုးတိုး ဒေါသသံဖြင့်ပြောသည့်စကားအားရိပေါ်မကြားချင်
ယောင်ဆောင်နေသည်။ လက်တစ်ဖက်ကလည်း ရှောင်းကျန့်
ရဲ့ခါးကိုမိမိရရ ဖက်ထားပြီး အန်တီ့်ကိုလှည့်ကြည့်လိုက်သည်။

" အန်တီ.ကျွန်တော် အကို့ကိုတွဲခေါ်သွားပေးလိုက်မယ်
အင်္ကျီပါငှားရင်းနဲ့ "

" အေး.. သွား သွား.ရေချိုးခန်းက
ဟိုဘက်ထောင့်ကအခန်းနော်"

ရိပေါ် လည်း အန်တီ့စကားကို ခေါင်းညိတ်ကာဖြေ ပြီး ရှောင်းကျန့်ဘက်ကိုပြန်လှည့်ကာပြုံးပြလိုက်သည်။ သူ့ကို
စိမ်းစိမ်းကားကားကြည့်နေသည့် မျက်ဝန်းတို့ကို ခံစား
မိပေမယ့်.မကြာခင် အချစ်မျက်ဝန်းတွေအဖြစ် ပြန်ပြောင်းလဲ
နိုင်တော့မှာပါ။

မားမမြင် အောင်သူ့ခါးပေါ်ကဝမ်ရိပေါ်ရဲ့လက်ကိုဖြုတ်နေပေ
မယ့် သူ့ဘက်က ဖြုတ်ဖို့လုပ်လေလေ ၀မ်ရိပေါ်ရဲ့လက်က ပိုပိုပြီးတင်းကျပ်လာသည်။လက်‌တွေတင်းကျပ်လာတဲ့အပြင် ဝမ်ရိပေါ်ကသူ့ကိုကြည့်ပြီးခပ်ပြုံးပြုံးလေးဖြင့်ပြောလာသည်။

"အကို ကျွန်တော့်ကို အားမနာပဲမှီထားလို့ရပါတယ်"

" ၀မ်ရိပေါ် မင်းကိုငါ အသားမထိနဲ့လို့ပြောနေတယ်"

ဂရာမစိုက်သလို သူ့ကိုသာအတင်းဖက်ထားသည့်ဝမ်ရိပေါ်
ကို ဒေါသထွက်လွန်းလို့ ရှောင်းကျန့်အောက်နှုတ်ခမ်း အား
ကိုက်ထားမိသည်။စိတ်ကိုထိန်းထားရမှာဖြစ်လို့ မားရှေ့က
နေအမြန်ထွက်ရပြီးရောဆိုပြီး ဝမ်ရိပေါ်ရဲ့ပုခုံးပေါ်လက်တင်
လိုက်ရတယ်။တစ်လှမ်းချင်းဆီ ထိန်းကာလျှောက်ရင်း ထိုကောင်စုတ်ရဲ့ မျက်နှာကို ကြည့်ပြီး မျက်မှောင်ကိုကြုံ့ထား
သည်။

မနေ့ညက ထပ်မတွေ့ချင်တော့ဘူးဆိုတာ အပြတ်ပြောခဲ့တာ
တောင်..အခု သူတင်မက သူ့ မိသားစု နဲ့ပါ ပတ်သတ်ဖို့
ကြိုးစားနေသေးတယ်။ ဒီလိုလူကိုမှမမုန်းရင် ဘယ်သူ့ကိုမုန်း
ရမလဲ။

"အန်ရီ.. ဒီပစ္စည်းတွေယူပြီး မီးဖိုခန်းထဲလိုက်ခဲ့ ဂျုံနယ်ဖို့လုပ်ရမယ် "

အန်ရီမှာ ကြောင်အမ်းပြီး ကိုကိုနဲ့ ဝမ်ရိပေါ်ဆိုတဲ့လူတို့ အခန်းထဲအတူတူ ၀င်သွားကြတာကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေစဉ်မှာမားရဲ့အသံကိုကြားသည်။

𝚆 𝙷 𝚈 ?Where stories live. Discover now