37

16.1K 1.6K 43
                                    

အိမ်ရှေ့ကဆိုဖာပေါ်မှာ ငြိမ်ပြီးTVထိုင်ကြည့်နေတဲ့ရိပေါ်ကို ရှောင်းကျန့် အိမ်အတွင်းခန်းမှ ချောင်းကြည့်နေသည်။
စိတ်ဆိုးနေပုံရတော့ ဘယ်ကနေစပြီး စကားပြောရမှန်း
မသိလို့ အနားမသွားသေးပဲ ထိုသို့နေနေရခြင်းပင်။
စိတ်ပေါက်ပေါက်နဲ့ချက်ချင်းသွားပြီး လက်ထပ်တာ မထပ်တာ ဒီလောက်အရေးကြီးလို့လားလို့ ပြောပြန်ရင်လည်း
ပိုပြီးစိတ်ဆိုးမှာသေချာတယ်။

မနေ့ကမှ ပြန်အဆင်ပြေသွားတာကို ဒီနေန့ချက်ချင်း
လက်ထပ်ဖို့ စပြောတဲ့ ၀မ်ရိပေါ် ကိုက မဟုတ်တာ မှတ်လား။

ဟိုဟိုဒီဒီတွေးရင်း ရှောင်းကျန့်ခေါင်းထဲ ချော့ဖို့အကြံရသွား
တာနဲ့ အန်ရီ့ရဲ့သရေစာမုန့်တွေထားတက်တဲ့ စင်ပေါ်က
အကန့်ကိုဖွင့်ကာ ချိုတာတစ်ခုခုကိုရှာဖွေနေသည်။
ချောကလက်တောင့် တစ်တောင့်တွေ့ တာနဲ့ယူလိုက်ပြီး
အနောက်မှာဖွက်ကာမီးဖိုချောင်ထဲကထွက်၍ရိပေါ်အနား
သွားလိုက်သည်။

"ရိပေါ်.. မုန့်စားမလား"

"မစားချင်ဘူး."

ချက်ချင်းကို ငြင်းချလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် မျက်စောင်းထိုးပစ်လိုက်သည်။ သူဖွက်ပြီးယူလာတဲ့
ချောကလက်တောင့်ကိုဖောက်ရင်း..၀မ်ရိပေါ် လှည့်ကြည့်
လာအောင် အသံပေးလိုက်၏။

အနေတော်လောက်အရွယ်ဖြစ်အောင်ဖြစ်အောင်ချိုးလိုက်
သည်။ ထိုချောကလက်ကို ၀မ်ရိပေါ်ဆီ လက်ကိုဆန့်လျှက်
ပေးရင်း...ဆူပုတ်နေတဲ့ မျက်နှာကြောင့် ရယ်ချင်တာကို
အောင့်ထားရသေးသည်။

"အင့်..စိတ်ကောက်နေတဲ့ကလေးတွေကို အချိုကျွေးရတယ်
တဲ့။ ရော့.. ကလေးလေး"

သူ့မျက်နှာရှေ့မှာ ထိုချောကလက်တောင့်လေးပြပြီး
စနေတဲ့ ရှောင်းကျန့်လက်ကိုတွန်းကာ ရှေ့သို့ ပြန်လှည့်နေ
သည်။

"ဘာကိုကလေးလေးလဲ..
ကျန့်ကော ကျွန်တော်အေးဆေးနေချင်တယ်.. "

မစားချင်တဲ့လူက စိတ်ကောက်ပြီး ငြင်းနေတော့ရှောင်းကျန့်
ဆက်မချော့ချင်တော့ပဲချောကလက်အပိုင်းလေးကိုပါးစပ်ထဲ
တစ်ဝက်ခန့်ထည့်ကာ ရိပေါ်ကိုပြောလိုက်သည်။

𝚆 𝙷 𝚈 ?Where stories live. Discover now