ရိပေါ်က ရှောင်းကျန့်၏ လက်ကို လှမ်းကိုင်ပြီး
အန်တီရပ်နေသည့် နားသို့ သွားရောက်သည်။မျက်လုံးချင်း
ဆုံပြီးတာနဲ့ နှစ်ဦးသားအတူတူ တစ်ပြိုင်တည်း ဒူးထောက်
လိုက်ကြသည်။မျက်နှာကို မော့ကာ ရိပေါ် ရဲရဲတင်းတင်းပဲ အန်တီ့ကိုကြည့်၍
ပြော၏။ အခုအခြေနေဖြစ်လာမှတော့ ကျန့်ကောလည်း လက်ထပ်ဖို့နဲ့ ပတ်သတ်ပြီး ငြင်းနိုင်တော့မှာမဟုတ်ဘူး။
နိုင်တော့မှာ မဟုတ်ဘူး။"အန်တီ့သား ရှောင်းကျန့် ကို...ကျွန်တော့်ဆီ ပေးပါ "
တောင်းပန်ရင်တောင်မလုံလောက်သေးတာကို သူမ၏ သားကို ပါ ပေးဖို့တောင်းနေတဲ့ ကောင်လေးကို ရင်းမေ့
မကြည်ဖြူစွာဖြင့် ကြည့်၍။" ဘာ..ငါ့သားကို ပေး ဟုတ်လား
အားကျန့်...အခုချက်ချင်း မားဆီကိုလာခဲ့ "မား ရဲ့ အသံကျယ်ကျယ်ကို ကြားတော့ ရှောင်းကျန့်က သူ
ကိုင်ထားသည့် ရိပေါ်ရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ထား
၏။ ဒူးထောက်နေရာမှ ထမည့်ပုံလည်းမရချေ။" မား..."
"အခုချက်ချင်းမထရင် မား နင့်ကို ရိုက်မှာနော်
အားကျန့် "တစ်ဖြည်းဖြည်းချင်းဆီ သူ့လက်ထဲမှ လွှတ်ထွက်တော့မည့်
လက်ကလေးကို ရိပေါ် မရမက ဆုပ်ကိုင်ထားလျှက် ဒူးထောက်ထားသည့်အတိုင်း ရှေ့သို့တိုး၍ ရှောင်းကျန့်ရှေ့
တွင် ကာထားသည်။" ရိုက်မယ်ဆို ကျွန်တော့် ကိုပဲရိုက်ပါ အန်တီ
ကျန့်ကော ကို မလုပ်ပါနဲ့ ကျန့်ကောမှာ အပြစ်မရှိပါဘူး "သူ့ရှေ့မှာ ကာပေးထားတဲ့ ရိပေါ်ကို ရှောင်းကျန့်က မျက်နှာငယ်ဖြင့်သာ ကြည့်နေသည်။သေးသေးဖွဲဖွဲ ကာကွယ်မူ
လေးဖြစ်ပေမယ့် ရင်ထဲနွေးသွားပုံက ရှောင်းကျန့် နှုတ်ခမ်း
တွေပင် ပြုံးသွားသယောင်ယောင်။ ထိုစကား ထိုအပြုမူနဲ့
တင် ရှောင်းကျန့် လက်တွေက ပြန်လည်၍ ဆုပ်ကိုင်လာနိုင်
သည်။ရိပေါ်က သူ့ကို ပြန်လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတာမို့
ရှောင်းကျန့်ကလည်း ခေါင်းကို မြန်မြန် ညိတ်၍ တုံ့ပြန်သည်။
မား ကို သူ အရမ်းမကြောက်လည်းဖြစ်ပါတယ်။ရိပေါ်ရှိနေတာ
ပဲလေ။

YOU ARE READING
𝚆 𝙷 𝚈 ?
أدب الهواة𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?