10

26.4K 1.9K 70
                                    

အသိနည်းနည်းဝင်လာတာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်
မူတွေကို စတင်ခံစားရပြီး ရှောင်းကျန့် မျက်လုံးတွေ
တစ်ဖြည်းဖြည်းပွင့်လာသည်။ခေါင်းကိုလှည့်ပြီးနံဘေးကို
ကြည့်လိုက်တော့အပေါ်ပိုင်းဗလာကျင်းဖြင့်အိပ်ပျော်နေတဲ့
ဝမ်ရိပေါ်ကိုတွေ့ရသည်။

ဖြစ်ပြီးခဲ့တာတွေကို ပြန်တွေးမိသည့်အခါ..လက်သီးနှစ်ဖက်
ကို ဆုပ်၍..တိတ်တဆိတ်ငိုကြွေးသည်။ဘယ်လိုလုပ်ပြီး
ဒီအတိုင်းဆက်နေနေမိတာလဲလို့တွေးရင်း ဆက်ဆံနေချိန်
မှာသူသတိမေ့သွားတယ်ဆိုတာကိုသတိရ သွား၏။
ဝမ်ရိပေါ် လိုလူက သူသတိမေ့နေတာကိုလည်းဂရုစိုက်မယ်
မမျှော်လင့်ခဲ့ပါဘူး။အလိုဆန္ဒပြည့်ဖို့ပဲ ရှေးရှုမယ့်လူမျိုး။

ရှောင်းကျန့်လက်သီးကိုတင်းနေအောင်ဆုပ်ပြီးမကျေနပ်
ချက်တွေကိုသည်းခံထားရသည်။ နှစ်ခြိုက်စွာ အိပ်နေတဲ့ ၀မ်ရိပေါ် ကို ကြည့်ပြီး. စပ်ဖျင်းဖျင်းဖြစ်နေတဲ့ နှုတ်ခမ်းကို အနာခံပြီး ကိုက်ပစ်လိုက်တယ်။

လက်ဖြင့်ကုတင်ကိုထောက်ပြီးအားယူကာထထိုင်လိုက်တယ်
သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်တော့ အဝတ်စားတွေဖရိုဖရဲဖြစ်
နေတာလွဲလို့ အကုန်ပြန်ဝတ်ထားပြီးသားဖြစ်နေတာ
တွေ့ရတယ်။ အခုသူလုပ်ရမှာ တစ်ခုက ယွင်ရှန်း မနိုးခင်
ဒီ စိတ်ပျက်စရာအခန်းထဲကနေ အမြန်ထွက်သွားရဖို့ပဲ။

မတ်တပ်ထရပ်လိုက်တာနဲ့ ယိုင်တိုင်တိုင်ဖြစ်နေတဲ့
ခြေထောက်တွေနဲ့အတူ.နာကျင်လွန်းလှတဲ့ ဒဏ်ကြောင့် အမြန်မသွားနိုင်ပဲ တရွေ့ရွေ့နဲ့သာထိုအခန်းဆီကနေ
ထွက်လာရသည်။

ယွင်ရှန်းရဲ့အခန်းဆီပြန်ရောက်တော့မှ.အိပ်မောကျနေဆဲဖြစ်
တဲ့ ယွင်ရှန်းကိုကြည့်ပြီး. ရှောင်းကျန့်မျက်ရည်တို့ ထပ်မံ
ကျမိသည်။ အချိန်အားဖြင့်ဖြေးဖြေးချင်းကုတင်ပေါ်တက်ကာ
စောင်ကိုမျက်နှာအထိခြုံလွှမ်းကာ ဘာမှမသိသေးတဲ့
ယွင်ရှန်းရှေ့မှာ သူဘယ်လိုများဆက်ပြီး နေရပါ့မလဲဆိုတဲ့ အတွေးကို ထပ်ခါထပ်ခါတွေးရင်း ငိုသည်။

ဘာကိုမှ ပြန်ပြင်ဆင်လို့မရအောင် မှားသွားခဲ့ပြီ.. ။

.
.
.

𝚆 𝙷 𝚈 ?Where stories live. Discover now