21

20.2K 2.1K 410
                                    

အိပ်ရာထနေကျအချိန်ရောက်တာနဲ့. ရှောင်းကျန့် နိုး
လာပြီး လက်နှစ်ဖက်ကိုမြှောက်ကာဖြင့် အကြောဆန့်နေ
သည်။ထိုသို့အကြောဆန့်နေရင်း.မျက်လုံးကိုဖွင့်ကြည့်လိုက်
တော့ကုတင်အစွန်းေးမှာ ထိုင်နေတဲ့ ရိပေါ်ကိုတွေ့ရသည်။
သူ့ကိုနောက်ကျောပေးပြီး တစ်ခုခုကို ထိုင်တွေးနေပုံရတဲ့
ရိပေါ်ရဲ့ ခါးအား လက်ညိုးဖြင့် တို့ပြီး သူအိပ်ရာနိုးပြီဆိုတာကို အသိပေးလိုက်တယ်။

"  ရိပေါ်. နိုးနေတာကြာပြီလား.
 ငါ့ကိုပါတစ်ခါတည်းနှိုးလိုက်တာမဟုတ်ဘူး."

သူ့ဘက်ကိုလှည့်လာတဲ့ရိပေါ်က ခါတိုင်းနဲ့ မတူညီတဲ့ ခံစားချက်ပေးသည့် အပြုံးမျိုးနှင့် ပြုံးရယ်ပြရင်းငုံ့ကြည့်
နေသည်။ဒါတင်မက ရိပေါ်ရဲ့ လက်က သူ့ခေါင်းကို ဖွဖွ
လေးကိုင်ရင်းပြောသည်။

"ကျန့်ကော.. ပိုအိပ်လို့ရအောင်လို့ တမင်မနှိုးတာ။
ထပ်အိပ်ဦးမလား.. အချိန်ကတော့စောပါသေးတယ်"

ခေါင်းကိုပွတ်ပေးတာကို ငြိမ်ခံပြီးတော့မှ လှဲနေရာကနေ ထထိုင်ပြီး ရိပေါ်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။ လန်းဆန်း
ပြီး ပေါ့ပါးနေတဲ့ ရှောင်းကျန့် က ခေါင်းကို ခါပြီး ပြောသည်။

"ဟင့်အင်း မအိပ်ဘူး.
မျက်နှာသစ်တော့မယ်။ မင်းရော မျက်နှာသစ်ပြီးပြီလား "

" မသစ်ရသေးဘူး..ဒါဆို ထတော့လေ
 အတူတူ မျက်နှာသစ်ရအောင် "

ရှောင်းကျန့် တက်တက်ကြွကြွပင်ကုတင်ပေါ်နေဆင်းလိုက်ပြီး ရိပေါ် လက်ကိုကိုင်လိုက်သည်။ ဒီနေ့မှ သူ့အတွက်
ပေါ့ပါးတဲ့ ခံစားချက်မျိုးဆိုတာဘယ်လိုမှန်းသိရတော့သည်။

အရင်နေ့တွေမှာတော့ အမြဲတွေးပူနေခဲ့ရတာချည်းပဲ။ ယွင်ရှန်းသူ့အပေါ်မှာ မုန်းတီးသွားမှာမျိုးကို ရှောင်းကျန့်
မလိုချင်ခဲ့တာကြောင့်ပင်။အခုတော့. ဘာမှကြောက်စရာမလိုပဲ ရိပေါ်ရဲ့လက်ကိုတွဲခွင့်ရခဲ့ပြီ။

ရေချိုးခန်း ထဲက ဘေစင် ဘေးက ခြင်းထဲမှာထည့်ထားတဲ့
သွားပွတ်တံလေး တစ်ယောက်တစ်ချောင်းယူလိုက်သည်။
သူကိုင်ထားတဲ့ သွားပွတ်တံပေါ်ကို ရိပေါ်ကToothpaste
ကို ညှစ်ထည့်ပေးတော့ ရှောင်းကျန့် ပြုံးမိသေးတယ်။

𝚆 𝙷 𝚈 ?Where stories live. Discover now