အိအိစက်စက်အရာတစ်ခုကိုမျက်နှာအပ်ထားရသလို
ခံစားချက်ကြောင့် ရှောင်းကျန့် မျက်လုံးမဖွင့်သေးပဲ သူမျက်နာ
အပ်ထားတဲ့ နေရာလေးကိုပိုတိုးပြီး ကပ်လိုက်တယ်။ ပြီးတော့
နွေးလည်းနွေးနေသေးတယ်။"ခေါင်းအုံးလေးက.. အိလိုက်တာ"
ပါးနဲ့ပွတ်သတ်ကြည့်ပြီးမှရှောင်းကျန့်မျက်လုံးကိုဖွင့်ကြည့်
လိုက်တော့.သူထိနေတာက ၀မ်ရိပေါ်ရဲ့အ၀တ်မပါတဲ့ ရင်ဘတ်ဖြစ်နေတယ်။" ဝမ်ရိပေါ် "
ရှောင်းကျန့်လန့်ပြီး.ဖက်ထားမိတဲ့သူ့လက်တွေကိုလွှတ်လိုက်ပြီး ရေရွတ်မိသည်။အပေါ်ပိုင်းအဝတ်မပါပဲအိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ရင်းရှောင်းကျန့်အော်ပြောလိုက်တယ်။
" ငါညက..သူနဲ့ထပ်အိပ်မိပြန်တာလား"
ရှောင်းကျန့်.အမြန်ထထိုင်ကာစောင်အောက်က သူ့ကိုယ်သူ
ပြန်ကြည့်လိုက်တော့ ဘာအ၀တ်စားမှ ကပ်မနေဘူး။
သူ့အ၀တ်စားတွေက ကုတင်အောက်မှာ အပုံလိုက်ကျ
နတယ်။"တကယ်ပဲ ထပ်ဖြစ်ပြန်ပြီပေါ့ ငါ ဘယ်လိုလုပ်ရတော့မလဲ."
သူစိတ်ညစ်နေတုန်း မှာ ခါးကို ဖက်လိုက်တဲ့လက်တစ်ဖက်ကို
ငုံ့ကြည့်ပြီး ၀မ်ရိပေါ်ကိုပါ တစ်ဆက်တည်းကြည့်လိုက်တယ်။
ကျေနပ်နေတဲ့ မျက်နှာနဲ့ကောင်က မုန်းစရာပဲ။" ခွေးကောင်... မင်းကိုငါဒီတစ်ခါတော့
အသေသတ်ပစ်မယ်။ "ဘေးကခေါင်းအုံးကိုယူပြီး ပြုံးကြည့်နေတဲ့ဝမ်ရိပေါ်ကို
ထုရိုက်လိုက်တယ်။ ထိုကောင်ကတော့အပြုံးမပျက် ငြိမ်နေသည်။စိတ်ရှိလက်ရှိ ထုနေတုန်း ၀မ်ရိပေါ် က ခေါင်းအုံးကို အတင်းဆွဲလုပြီး.. သူ့လက်ကိုပါ ချုပ်ထားသည်။
"ခွေးကောင်. အခုလွှတ်စမ်း..
ငါမင်းကို သတ်မယ်""မူးနေတဲ့လူကိုအခွင့်ကောင်းယူတည်းကမင်းကနှာဘူးအကြီးစားကြီးပဲဒီတော့ ငါ့မှာရိုက်ပိုင်ခွင့်ရှိတယ်"
သူ့လက်နှစ်ဖက်စလုံးကို ၀မ်ရိပေါ် ကချုပ်ကိုင်ပြီး အိပ်ရာပေါ်
ပြန်လှဲချသည်။ အဲ့တာအပြင် သူ့ကိုယ်ပေါ်ပါ တက်ခွပြီး.
နေရာယူထားတယ်။

YOU ARE READING
𝚆 𝙷 𝚈 ?
Фанфик𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?