40

14K 1.3K 37
                                    

အိမ်ထဲတွင်ရှိသမျှ ပရိဘောဂအဟောင်းတွေက တစ်မနက်
အတွင်း ပစ္စည်းအသစ် အကောင်းစားတွေချည်းပြောင်းကုန်
၏။ အန်ရီ က ထိုပစ္စည်းတွေအား လိုက်ကြည့်နေပြီး အိမ်ရှေ့
မှာ ထိုင်နေတဲ့ မားဆီ သို့ ပြန်သွားကာ အနားတွင်ဝင်ထိုင်
သည်။

" မား အရမ်းမိုက်တာပဲနော် ပစ္စည်းတွေက
ဈေးအရမ်းကြီးမှာ ကိုကို့ ကောင်လေးက အရမ်းချမ်းသာတာ
ထင်တယ်နော် "

"မားလည်း အဲဒီလိုပဲထင်တယ် "

ရင်မေ့ မှာလည်း သူထိုင်နေတဲ့ ဆိုဖာအသစ်ကို ငုံ့ကြည့်လိုက်
ပရိဘောဂ အသစ်တွေကို လှည့်ကြည့်လိုက်ဖြင့်...တစ်ခုခု
ကိုတွေးနေပါသည်။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးတာနဲ့
သမီးဖြစ်သူကို ပြောဖို့ ရည်ရွယ်လျှက်။

" အန်ရီ "

" ဟုတ် မား "

" ၀မ်ရိပေါ်နဲ့ အားကျန့်ကို ခွဲလို့ရမယ်ထင်လား"

မား က မေးနေတဲ့ အခါ အန်ရီ မှာ ခေါင်းကိုကုတ်လို့ မဖြေရဲ
ဖြေရဲနှင့်...။

" မ...မရလောက်ဘူးထင်တယ်
သမီးအမြင်တော့ ကိုကို က ၀မ်ရိပေါ်ကို
အရမ်းချစ်တယ်ထင်တယ် "

"အင်း...မားလည်း ဒီလိုပဲထင်ပါတယ်
ပြီးတော့ ၀မ်ရိပေါ်ဆိုတာကလည်း အားကျန့်ကို
ကောင်းကောင်းစောင့်ရှောက်ပေးနိုင်မယ့် အနေထား..."

မားရဲ့စကားက ဆက်ထွက်မလာဘဲ ရပ်တန့်သွား၏။ အန်ရီ
လည်း ဘာမှပြန်မမေးတော့ဖို့ ဆုံးဖြတ်ပြီး တိတ်တဆိတ်သာ
နေလိုက်ပါတော့၏။ ပြီးတော့ ၀မ်ရိပေါ် မပြန်သွားခင်က
မားနဲ့ စကားတွေပြောနေကြသေးသည်။ ဘာတွေပြောခဲ့သလဲ
တော့ အန်ရီလည်း မမေးရဲတာနဲ့ မမေးဖြစ်ခဲ့ချေ။

.
.
.
.
.
.

ရေနွေးနွေး ထည့်ထားသည့် ရေချိုးကန်ထဲတွင် ရှောင်းကျန့်
စိမ်နေရင်း အတွေးတွေက အိမ်ဆီသို့ ရောက်ရှိနေပါတော့
သည်။ ရိပေါ်ကလည်း အရေးကြီးကိစ္စရှိလို့ဆိုပြီး suit အပြည့်စုံနှင့်ထွက်သွားတော့ Hotel အခန်းထဲ သူသာကျန်
နေခဲ့ချိန်ဖြစ်သည်။

" မား အရမ်း စိတ်ဆိုးနေပြီထင်တယ်
ငါဘယ်လိုလုပ်သင့်လဲ... ရိပေါ်နဲ့လည်း မခွဲနိုင်ဘူး "

𝚆 𝙷 𝚈 ?Where stories live. Discover now