ကိုယ်ပေါ်မှာအုပ်မိုးလျှက်ရှိနေတဲ့ ၀မ်ရိပေါ် က ဖယ်ပေးမယ့်
ပုံမပေါ်တော့ ရှောင်းကျန့်ကပဲ လက်နဲ့ တွန်းဖယ်ရတယ်။ တွန်းနေတာတောင်စိုက်ကြည့်မပြတ်ကြည့် နေတဲ့ ပုံစံက
သူ့ကို ထပ်မထိတော့ဖို့ကတိပေးထားတယ်ဆိုတာ ယုံချင်
စရာတောင်မရှိဘူး။" ဖယ်ပေး "
"ဖယ်ပေးလို့. ပြောနေတာမကြားဘူးလား ။ ငါလေးတယ်'
မျက်လုံးချင်းတောင်မဆုံရဲပဲ အတင်းတွန်းနေတဲ့
ရှောင်းကျန့်ကိုကြည့်ပြီး ရင်ထဲကလိကလိဖြစ်လာသည်။ စနောက်ချင်လာတော့ ရိပေါ်က တမင်သပ်သပ် ရှောင်းကျန့် နဲ့.မျက်နှာချင်းနီးအောင် ငုံ့လိုက်သည်။နှာခေါင်းထိပ်သီးနှစ်ခု
က ထိတော့မလိုလို ဖြစ်နေတဲ့အချိန်မှာရှောင်းကျန့် မျက်လုံးတွေကတော့ ၀ိုင်းစက်ပြီး ကြည့်နေသည်။"ကျုပ်ကခင်ဗျားကိုဖိထားတာမှမဟုတ်တာ
ဘယ်လိုလုပ်လေးမှာလဲ။""ဒါနဲ့..ခင်ဗျား.. "
"ဘာလဲ..ပြောစရာရှိတာမြန်မြန်ပြောပြီးဖယ်
မင်းကြောင့် ငါခေါင်းမူးတယ်။ "" ခင်ဗျား မျက်လုံးတွေက ဘယ်အချိန်တည်းက
စပြီးလှနေတာလဲ။ လှတယ် အရမ်းပဲ"ခေါင်းကိုတက်နိုင်သလောက် နောက်ဆုတ်ပြီး ၀မ်ရိပေါ် ရဲ့
အမေးအား ပြန်ဖြေလိုက်တယ်" မွေးကတည်းကပဲ.။မင်းသိချင်တာ ဖြေပြီးပြီ.. ဆင်းတော့"
ပိုတောင်နီးကပ်လာတဲ့ဝမ်ရိပေါ်ရဲ့ မျက်နှာကြောင့်.ရှောင်းကျန့်မှာအနမ်းခံရတော့မယ်ထင်ပြီး မျက်နှာကို လက်နဲ့ ဖုံးပြီးအော်ပြောလိုက်တယ်။
"မင်း.ပြောတော့ ငါ့ကိုမထိတော့ဘူးဆို ။ ဘာလို့
ကတိမတည်တာလဲ "အော်ပြောလိုက်တော့မှ ကိုယ်ပေါ်အုပ်မိုးထားတဲ့ဝမ်ရိပေါ်က
ဖယ်ပေးတယ်။ ရှောင်းကျန့် မျက်လုံးတွေမှိတ်ထားရာကနေ တစ်ဖြည်းဖြည်း ဖွင့်ကြည့်လိုက်တယ်။ ကုတင်ဘေးမှာ ရပ်လျက်နေနေတဲ့ ၀မ်ရိပေါ် ကို မျက်စောင်းထိုး၍
စောင်ကို လုံနေအောင်ပြန်ခြုံလိုက်တယ်။"ဆန်ပြုတ်ယူခဲ့မယ်.. ခဏစောင့်"
ပြန်မဖြေလည်း ရိပေါ်က သူပြောပြီးပြီမို့ ရှောင်းကျန့် ကို
ခဏထားခဲ့ပြီး အပြင်ထွက်သွားသည်။ မီးဖိုချောင်ထဲက
ယွင်ရှန်း လုပ်ပေးသွားတဲ့ အသားဆန်ပြုတ်
ကို မီးအပူပေးလိုက်တယ်။

YOU ARE READING
𝚆 𝙷 𝚈 ?
Фанфик𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?